အရည်အသွေးကောင်းမွန်တဲ့ OnePlus Bullets Wireless 2 နားကြပ်

[ Zawgyi ]





စိုးထက်
Ref: TheVerge

[ Unicode ]

OnePlus ရဲ့ Bullets Wireless 2 နားကြပ်ကို OnePlus 7 Pro ဖုန်းနဲ့အတူ မိတ်ဆက်ခဲ့ပါတယ်။ အခုနားကြပ်ဟာ လွန်ခဲ့တဲ့ ၁ နှစ်က မိတ်ဆက်ခဲ့တဲ့ Bullets Wireless နားကြပ်ထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာပါတယ်။

Bullets Wireless 2 ဒီဇိုင်းက လုံးဝန်းပြီး သက်သောင့်သက်သာ တပ်ဆင်နိုင်ပါတယ်။ OnePlus ဟာ Bullets Wireless 2 မှာ Warp Charge အားသွင်းမြန်ဆန်တဲ့စနစ်ကို ထည့်သွင်းထားပြီး ၁၀ မိနစ် အားသွင်းရုံနဲ့ သီချင်းတွေကို ၁၀ နာရီအထိ နားဆင်နိုင်ပါတယ်။ ဘက်ထရီအပြည့်ဆိုရင် ၁၄ နာရီအထိ တောက်လျှောက် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Bullets နားကြပ်သစ်မှာ Bluetooth 5 နဲ့ Aptx D ထောက်ပံ့ထားပြီး အသံအရည်အသွေး ကောင်းမွန်ပါတယ်။ ဒါ့အပြင် OnePlus ဖုန်းတွေနဲ့ နားကြပ်ကို အလွယ်တကူ Pair လုပ်နိုင်မယ့် လုပ်ဆောင်ချက် ပါဝင်လာပါတယ်။
OnePlus ဟာ Bullets Wireless 2 နားကြပ်ကို ၉၉ ဒေါ်လာနဲ့ ရောင်းချမယ်လို့ သိရပါတယ်။

Ref: TheVerge