အရက္ထုတ္လုပ္မႈအား အြန္လိုင္းမွတစ္ဆင့္ ေစာင့္ၾကည့္ႏိုင္ေရး ေဆာင္ရြက္ေန

[ Zawgyi ]

အရက္ခ်က္စက္႐ံုေတြရဲ႕ အရက္ထုတ္လုပ္မႈေတြကို အြန္လိုင္းကေနတစ္ဆင့္ ေစာင့္ၾကည့္ထိန္းေက်ာင္း ႏိုင္ေရးအတြက္ ေဆာင္ရြက္ေနေၾကာင္း ၁၇.၅.၂၀၁၈ ရက္က က်င္းပတဲ့ ျပည္ သူ႔လႊတ္ေတာ္ အစည္းအေဝးကေန သိရပါတယ္။

အဲဒီေဆာင္ရြက္ခ်က္အတြက္ Online Monitoring System ကို အေကာင္အထည္ေဖာ္ႏိုင္ ဖို႔ Data Logger တပ္ဆင္ျခင္းကို ေဆာင္ရြက္ေနေၾကာင္း၊ စက္႐ံုႀကီး၊ စက္႐ံုလတ္နဲ႔ စက္႐ံုငယ္ အဆင့္ (က)၊ (ခ) နဲ႔ (ဂ) ဆိုၿပီးခြဲျခားၿပီး စက္႐ံုႀကီးေတြမွာ ဦးစားေပး စတင္တပ္ဆင္မယ့္ စနစ္ကို ၂၀၁၈ ခုႏွစ္ ဧၿပီလက စတင္အေကာင္အထည္ ေဖာ္ေနေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရး ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

အရက္ခ်က္စက္႐ုံမ်ားတြင္ Flow-Meter မ်ား တပ္ဆင္ရန္ကိစၥ ေဆာင္႐ြက္ၿပီးစီးမႈ အေျခအေနမ်ား သိလိုျခင္းႏွင့္စပ္လ်ဥ္း၍ ေမးျမန္းရာမွာ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ Flow Meter ေတြကို သတ္မွတ္ေနရာေတြမွာ စနစ္တက် တပ္ဆင္ထားမႈရွိ၊ မရွိကို ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလနဲ႔ မတ္လမွာ သြားေရာက္ စစ္ေဆးခဲ့ေၾကာင္း၊ စက္႐ုံ ၃၃ ႐ုံမွာ Flow Meter ေတြကို သတ္မွတ္စံႏႈန္းေတြနဲ႔အညီ တပ္ဆင္ထား ၿပီး က်န္စက္႐ုံေလး႐ုံ မွာလည္း မၾကာမီတပ္ဆင္သြားဖို႔ စီစဥ္ထားေၾကာင္းကိုလည္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

-ထြန္းထြန္း

==============

[ Unicode ]

အရက်ထုတ်လုပ်မှုအား အွန်လိုင်းမှတစ်ဆင့် စောင့်ကြည့်နိုင်ရေး ဆောင်ရွက်နေ

==============

အရက်ချက်စက်ရုံတွေရဲ့ အရက်ထုတ်လုပ်မှုတွေကို အွန်လိုင်းကနေတစ်ဆင့် စောင့်ကြည့်ထိန်းကျောင်း နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ၁၇.၅.၂၀၁၈ ရက်က ကျင်းပတဲ့ ပြည် သူ့လွှတ်တော် အစည်းအဝေးကနေ သိရပါတယ်။

အဲဒီဆောင်ရွက်ချက်အတွက် Online Monitoring System ကို အကောင်အထည်ဖော်နိုင် ဖို့ Data Logger တပ်ဆင်ခြင်းကို ဆောင်ရွက်နေကြောင်း၊ စက်ရုံကြီး၊ စက်ရုံလတ်နဲ့ စက်ရုံငယ် အဆင့် (က)၊ (ခ) နဲ့ (ဂ) ဆိုပြီးခွဲခြားပြီး စက်ရုံကြီးတွေမှာ ဦးစားပေး စတင်တပ်ဆင်မယ့် စနစ်ကို ၂၀၁၈ ခုနှစ် ဧပြီလက စတင်အကောင်အထည် ဖော်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အရက်ချက်စက်ရုံများတွင် Flow-Meter များ တပ်ဆင်ရန်ကိစ္စ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ သိလိုခြင်းနှင့်စပ်လျဉ်း၍ မေးမြန်းရာမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ Flow Meter တွေကို သတ်မှတ်နေရာတွေမှာ စနစ်တကျ တပ်ဆင်ထားမှုရှိ၊ မရှိကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလနဲ့ မတ်လမှာ သွားရောက် စစ်ဆေးခဲ့ကြောင်း၊ စက်ရုံ ၃၃ ရုံမှာ Flow Meter တွေကို သတ်မှတ်စံနှုန်းတွေနဲ့အညီ တပ်ဆင်ထား ပြီး ကျန်စက်ရုံလေးရုံ မှာလည်း မကြာမီတပ်ဆင်သွားဖို့ စီစဉ်ထားကြောင်းကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

-ထွန်းထွန်း