အမြည်းကြည့်ထားတဲ့ ရုပ်ရှင်တွေကို စာရင်းထဲက ဖယ်ရှားနိုင်အောင် Netflix ပြုလုပ်ပေး

Netflix မှာ ရုပ်ရှင်အသစ် ဒါမှမဟုတ် တီဗီအစီအစဉ်သစ်ကို ၁၀ မိနစ်လောက် ကြည့်ပြီးတဲ့အခါမှာ မကြည့်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာ ရှိပါတယ်။ Netflix ရဲ့ “remove from row” လုပ်ဆောင်ချက် ကတော့ လက်ရှိကြည့်ထားတဲ့ ရုပ်ရှင်တွေကို အလွယ်တကူ ဖယ်ရှားပစ်နိုင်ပါမယ်။

လူတွေက ကိုယ်ပိုင် Netflix စာမျက်နှာပေါ်က အရာတွေကို ထိန်းချုပ်နိုင်အောင် အခုလုပ်ဆောင်ချက်ကို ဖြန့်ချိပေးလိုက်ပါတယ်။ Netflix ပေါ်က “continue watching” က homepage မှာထိပ်ဆုံးမှာ ပေါ်ပါတယ်။ တစ်စုံတစ်ယောက်က ကြည့်လက်စ ရုပ်ရှင်၊ တီဗီအစီအစဉ်တွေကို ချက်ချင်းကြည့်နိုင်ပါတယ်။

တကယ်လို့ ဆက်မကြည့်တော့တဲ့ ရုပ်ရှင်တွေက continue watching ဘားမှာ ဆက်ပေးနေတာက စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အခုဆိုရင် လူတွေက ဘားပေါ်က ရုပ်ရှင်တစ်ခုကို အလွယ်တကူ ဖယ်ရှားနိုင်ပြီ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge