အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ အွန်လိုင်းစနစ်ဖြင့် သင်ကြားရန် လျာထား

အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ တက်ရောက် သင်ကြားလျက်ရှိတဲ့ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူ အားလုံးကို အွန်လိုင်းစနစ်နဲ့ သင်ကြားဖို့ လျာထားလျက်ရှိတယ်လို့ သိရပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်ကာလအတွင်း ပုံမှန်ကျင်းပပြုလုပ်လျက်ရှိတဲ့ Graduation Performance နဲ့ ဘွဲ့နှင်းသဘင်ကျင်းပကာ ဘွဲ့တွေကို ပေးအပ်ရန်ရှိကြောင်း၊ ပုံမှန်သင်တန်းတွေကို ပြန်လည်မဖွင့်လှစ်မီ ကာလအတွင်း Theory စာတွေ့တွေကို အွန်လိုင်းစနစ်နဲ့ မေ ၁၈ ရက်မှစတင်ကာ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။