အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း အတွက် လျှောက်လွှာခေါ်ယူ

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်းအတွက် လျှောက်လွှာခေါ်ယူနေပါတယ်။

သင်ကြားရမယ့်ဘာသာရပ်တွေကတော့ ဂီတပညာဌာန (စောင်း/ပတ္တလား/တယော/စန္ဒရား/အဆို)၊ သဘင်ပညာဌာန (မြန်မာ့ရိုးရာရုပ်သေးပညာ/မြန်မာ့ရိုးရာအကပညာ)၊ ပန်းချီပညာဌာန (အခြေခံပန်းချီသင်တန်း/ရေဆေးရောင်စုံ ရေးဆွဲနည်းနှင့် လူပုံရေးဆွဲနည်းသင်တန်း၊ ဆီဆေးနှင့် အခရိုက်လစ် ရေးဆွဲနည်းသင်တန်း၊ ပန်းပုပညာဌာန (အခြေခံပန်းပုသင်တန်း/မြန်မာ့ရိုးရာပန်းပုသင်တန်း/ ပန်းပုနည်းပညာသင်တန်း) ၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန ဓာတ်ပုံသင်တန်း (Still and Movie) သင်တန်းတွေပဲ ဖြစ်ပါတယ်။ သင်တန်းကာလက ၃ လဖြစ်ပြီး သင်တန်းပြီးဆုံးပါက Diploma in Music, Diploma in Dramatic Arts, Diploma in Painting, Diploma in Sculpture, Diploma in Cinematography ကိုရရှိမှာဖြစ်ပါတယ်။

ရုပ်ရှင်နှင့်ပြဇာတ်ဌာနက ဖွင့်လှစ်မယ့် ဓာတ်ပုံသင်တန်းကို Section 2 စနေ၊ တနင်္ဂနွေ နံနက် ၈ နာရီမှ ၁၁ နာရီ အထိ တစ်တန်းသာ ဖွင့်လှစ်မယ်လို့သိရပါတယ်။ လျှောက်လွှာတွေကို သင်တန်းရေးရာဌာနမှာ ဒီဇင်ဘာ ၂ ရက်မှ စတင် ရယူလျှောက်ထားနိုင်မှာဖြစ်ပြီး ဒီဇင်ဘာလ ၂၀ ရက်နောက်ဆုံးထားကာ ပြန်လည်တင်သွင်းရမှာ ဖြစ်ပါတယ်။ သင်တန်းတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက သင်တန်းရေးရာဌာန ဖုန်း ၀၁-၅၉၀၂၅၂ နဲ့ ၅၉၀၂၅၄ ကိုဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာဖြစ်ပါတယ်။

-သန္တာ