အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ Internship ကာလများရွှေ့ဆိုင်း

COVID-19 ရောဂါကြောင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် မှ Internship ကာလများ ရွှေ့ဆိုင်းလိုက်ပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ Internship နှစ်လပြုလုပ်ရမယ့် စတုတ္ထနှစ် BA (Tourism)၊ တတိယနှစ်၊ စတုတ္ထနှစ် BA (Journalism) ကျောင်းသား၊ ကျောင်းသူတွေနဲ့ ၆ လပြုလုပ်ကြရမယ့် တတိယနှစ် BTHM ကျောင်းသား၊ ကျောင်းသူတွေရဲ့ Internship ကာလတွေကို ရွှေ့ပြောင်းလိုက်ပါတယ်။ ယခုလို ပြောင်းရွှေ့ခြင်းကို မတ် ၂၁ ရက်က ကျင်းပြုလုပ်ခဲ့သော ပညာရေးအဖွဲ့ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ပြောင်းရွှေ့လိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါသတင်းထုတ်ပြန်ချက်ကို မတ် ၃၀ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး Internship ပြုလုပ်မယ့်ကာလကို ထပ်မံကြေညာပေးသွားမယ်လို့ သိရပါတယ်။

-သန္တာ