
အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (National Management Degree College) နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မေးမြန်းနိုင်တဲ့ NMDC Messenger Chatbot ကို စတင်လိုက်တယ်လို့ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ရဲ့ တရားဝင် FB စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။
အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ရဲ့ Messenger Chatbot ကို NMDCSU က ဦးဆောင်ဖန်တီးထားတာဖြစ်ပြီး College အကြောင်း၊ Bachelor Program များအကြောင်း၊ သင်တန်းများအကြောင်းနဲ့ အခြားသိလိုရာတွေကို တစ်စုတစ်စည်းတည်း ဖတ်နိုင်မှာ ဖြစ်သလို မေးမြန်းစုံစမ်းရေးအတွက်လည်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
Messenger Chatbot လိပ်စာကတော့ https://bit.ly/3aVpqJ6 ဖြစ်ပါတယ်။
-ကျော်ဇေယျ
»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««