အမျိုးသားစာကြည့်တိုက်ဝက်ဘ်ဆိုက်မှ စာကြည့်တိုက်ပိုင် e-Resources ဝန်ဆောင်မှုကို ဧပြီ ၃ ရက်တွင် စတင်အသုံးပြုနိုင်မည်

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) Website www.nlm.gov.mm ကို ဝင်ရောက်ပြီး စာကြည့်တိုက်ပိုင် e-Resources ဝန်ဆောင်မှုကို ဧပြီ ၃ ရက်မှ စတင်ကာ အွန်လိုင်းမှ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ရှိ စုဆောင်းထားတဲ့ စာပေပစ္စည်းတွေရဲ့ စာရင်းအချက်အလက်တွေကို အမျိုးသားစာကြည့်တိုက် Website Homepage မှ Resources ရှိ အွန်လိုင်းစာရင်း (Online Public Access Catalogue) မှာ အချိန်တိုအတွင်း လျင်မြန်စွာရှာဖွေနိုင်မှာဖြစ်ကြောင်း၊ Digital စာစုတွေဖြစ်တဲ့ စာအုပ်၊ စာနယ်ဇင်း၊ ပေ၊ ပုရပိုက်၊ ပညာရေးဆိုင်ရာ အစီရင်ခံစာများ၊ ရှေးဟောင်းသုတေသနဆိုင်ရာစာစုများ၊ ဗုဒ္စစာပေဆိုင်ရာ စာအုပ်များ၊ စွယ်စုံကျမ်းများ၊ ကလေးစာပေဆိုင်ရာ စတဲ့ e-Resources တွေကို ချိတ်ဆက်ဆောင်ရွက်ထားပြီး အမျိုးသားစာကြည့်တိုက် Website ရှိ NL e-Resources နဲ့ Quick Links တို့မှာ ဝင်ရောက်ရှာဖွေအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

အွန်လိုင်းမှ အများပြည်သူ အသုံးပြုဖတ်ရှုနိုင်ရန် IG Publishing e-Books Database တစ်ခုကို ဆောင်ရွက်ထားရှိ ပြီး Asian Literature Collection, Rare Books on Asian Literature Collection (အာရှဒေသတွင်း နိုင်ငံများဆိုင်ရာစာအုပ်များ)၊ Children Literature Collection; Audio and e-Books (ကလေးစာပေဆိုင်ရာ Audio နှင့် e-Books) များ စတဲ့ electronic resources စုစုပေါင်း ၃၀၀၀၀ ကျော်ကိုလည်း အွန်လိုင်းမှာ ရှာဖွေအသုံးပြုနိုင်မှာဖြစ်ပါတယ်။ IG Publishing e-Books Database များကို အွန်လိုင်းမှ လွယ်ကူစွာအသုံးပြု နိုင်ရန်လည်း အဆင့်လိုက်ဝင်ရောက်ရမှုများကို Library Portal ရှိ Notice မှာ ရှင်းလင်းဖော်ပြထားတယ်လို့ သိရပါတယ်။

-ဝေဝေ