အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (ရန္ကုန္၊ မႏၲေလး) ပထမႏွစ္ ဝင္ခြင့္ေလွ်ာက္လႊာေခၚယူ

[ Zawgyi ]

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္အတြက္ အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (ရန္ကုန္၊ မႏၲေလး) ပထမႏွစ္သင္တန္း ေလွ်ာက္လႊာမ်ား ေခၚယူလ်က္ရွိပါတယ္။
ေလွ်ာက္ထားလုိသူေတြဟာ တကၠသိုလ္ဝင္စာေမးပြဲကုိ မည္သည့္ဘာသာတြဲနဲ႔မဆို ေအာင္ျမင္သူ၊ အႏုပညာဝါသနာပါသူေတြ ျဖစ္ရပါမယ္။ တက္ေရာက္ႏုိင္တဲ့ အထူးျပဳဘာသာရပ္ေတြကေတာ့ ဂီတပညာအထူးျပဳ ( ၄ ) ႏွစ္ ၀ိဇၨာဘြဲ႕(ဂီတ)၊ သဘင္ပညာအထူးျပဳ ( ၄ ) ႏွစ္ ၀ိဇၨာဘြဲ႕(သဘင္)၊ ပန္းခ်ီပညာအထူးျပဳ ( ၄ ) ႏွစ္ ၀ိဇၨာဘြဲ႕(ပန္းခ်ီ)၊ ပန္းပုပညာအထူးျပဳ ( ၄ ) ႏွစ္ ၀ိဇၨာဘြဲ႕(ပန္းပု)၊ ႐ုပ္ရွင္ႏွင့္ျပဇာတ္ပညာအထူးျပဳ ( ၄ ) ႏွစ္ ၀ိဇၨာဘြဲ႕(႐ုပ္ရွင္ႏွင့္ျပဇာတ္) ေတြပါ။

ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာ၀တီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္နဲ႔ ရခိုင္ျပည္နယ္စာစစ္ဌာနမ်ားမွ တကၠသိုလ္၀င္စာေမးပြဲေအာင္ျမင္ခဲ့သူေတြ အေနနဲ႔ အမ်ဳိးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (ရန္ကုန္) သို႔လည္းေကာင္း၊ ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္နဲ႔ ခ်င္းျပည္နယ္စာစစ္ဌာနမ်ားမွ ေအာင္ျမင္ခဲ့သူေတြ အေနနဲ႔ အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (မႏၲေလး) ကိုလည္းေကာင္း ေလွ်ာက္ထားတက္ေရာက္ႏုိင္ပါတယ္။

ေလွ်ာက္လႊာေတြကုိ အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (ရန္ကုန္)၊ ၁/စ်၊ေအာင္ေဇယ်လမ္း၊ (၂၆)ရပ္ကြက္၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)၊ ရန္ကုန္တိုင္းေဒသႀကီး၌လည္းေကာင္း၊ အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (မႏၲေလး)၊ ေရႊစာရံဘုရားလမ္း၊ အုန္းေခ်ာေက်းရြာ၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ မႏၲေလးတိုင္းေဒသႀကီး၌လည္းေကာင္း ၀ယ္ယူႏုိင္ၿပီး ေလွ်ာက္လႊာပုံစံနဲ႔အတူ တကၠသိုလ္ဝင္ စာေမးပြဲ ေအာင္ျမင္ေၾကာင္းေထာက္ခံခ်က္၊ အမွတ္စာရင္းမူရင္း၊ ပတ္စ္ပို႔အရြယ္ဓာတ္ပုံ (၇) ပုံနဲ႔အတူ ေလွ်ာက္ထားႏုိင္ပါတယ္။

ေလွ်ာက္ထားလုိသူေတြ အေနနဲ႔ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၁၉ ရက္ ေနာက္ဆုံးထားကာ အမ်ဳိးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (ရန္ကုန္) နဲ႔ အမ်ဳိးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (မႏၲေလး) သို႔ တိုက္႐ိုက္ေပးပို႔ေလွ်ာက္ထားႏိုင္သလုိ ေလွ်ာက္လႊာပုံစံေတြကို သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန www.facebook. com.NUACYangon ကို တိုက္႐ိုက္ေပးပို႔ ေလွ်ာက္ထားႏုိင္ပါတယ္။

၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၂၆ ရက္မွာ လူေတြ႕စစ္ေဆးမွာျဖစ္ ၿပီး အေသးစိတ္အခ်က္အလက္ေတြကုိ အမ်ဳိးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (ရန္ကုန္)၊ ဖုန္း- (၀၁-၅၉၀၂၅၂၊ ၀၁-၅၉၀၂၅၄) သို႔လည္းေကာင္း၊ အမ်ဳိးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (မႏၲေလး)၊ ဖုန္း – (၀၈၅-၄၀၁၈၄) ကို လည္းေကာင္း ဆက္သြယ္စံုစမ္း ႏိုင္ပါတယ္။

-သႏၲာ

[ Unicode ]

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး) ပထမနှစ်သင်တန်း လျှောက်လွှာများ ခေါ်ယူလျက်ရှိပါတယ်။
လျှောက်ထားလိုသူတွေဟာ တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲနဲ့မဆို အောင်မြင်သူ၊ အနုပညာဝါသနာပါသူတွေ ဖြစ်ရပါမယ်။ တက်ရောက်နိုင်တဲ့ အထူးပြုဘာသာရပ်တွေကတော့ ဂီတပညာအထူးပြု ( ၄ ) နှစ် ၀ိဇ္ဇာဘွဲ့(ဂီတ)၊ သဘင်ပညာအထူးပြု ( ၄ ) နှစ် ၀ိဇ္ဇာဘွဲ့(သဘင်)၊ ပန်းချီပညာအထူးပြု ( ၄ ) နှစ် ၀ိဇ္ဇာဘွဲ့(ပန်းချီ)၊ ပန်းပုပညာအထူးပြု ( ၄ ) နှစ် ၀ိဇ္ဇာဘွဲ့(ပန်းပု)၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာအထူးပြု ( ၄ ) နှစ် ၀ိဇ္ဇာဘွဲ့(ရုပ်ရှင်နှင့်ပြဇာတ်) တွေပါ။

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သူတွေ အနေနဲ့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သို့လည်းကောင်း၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်စာစစ်ဌာနများမှ အောင်မြင်ခဲ့သူတွေ အနေနဲ့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ကိုလည်းကောင်း လျှောက်ထားတက်ရောက်နိုင်ပါတယ်။

လျှောက်လွှာတွေကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ၁/စျ၊အောင်ဇေယျလမ်း၊ (၂၆)ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၌လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ရွှေစာရံဘုရားလမ်း၊ အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၌လည်းကောင်း ၀ယ်ယူနိုင်ပြီး လျှောက်လွှာပုံစံနဲ့အတူ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ကြောင်းထောက်ခံချက်၊ အမှတ်စာရင်းမူရင်း၊ ပတ်စ်ပို့အရွယ်ဓာတ်ပုံ (၇) ပုံနဲ့အတူ လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် နောက်ဆုံးထားကာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) နဲ့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သို့ တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်သလို လျှောက်လွှာပုံစံတွေကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန www.facebook. com.NUACYangon ကို တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ပါတယ်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်မှာ လူတွေ့စစ်ဆေးမှာဖြစ် ပြီး အသေးစိတ်အချက်အလက်တွေကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ဖုန်း- (၀၁-၅၉၀၂၅၂၊ ၀၁-၅၉၀၂၅၄) သို့လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ဖုန်း – (၀၈၅-၄၀၁၈၄) ကို လည်းကောင်း ဆက်သွယ်စုံစမ်း နိုင်ပါတယ်။

-သန္တာ