အမ်ိဳးသားစီမံခန္႔ခြဲမႈ ပညာဒီဂရီေကာလိပ္မွ ေက်ာင္းအုပ္ႀကီး ေဒါက္တာ ေဒၚတင္တင္ေထြးႏွင့္ ေတြ႔ဆံုျခင္း

[ Zawgyi ]

အမ်ိဳးသားစီမံခန္႔ခြဲမႈ ပညာဒီဂရီေကာလိပ္ရဲ႕ စီမံခန္႔ခြဲမႈစနစ္ကို အြန္လိုင္းစနစ္ ေျပာင္းလဲျခင္းနဲ႔ ပတ္သက္ၿပီး ေက်ာင္းအုပ္ႀကီး ေဒါက္တာ ေဒၚတင္တင္ေထြးကို ေတြ႕ဆုံေမးျမန္းခဲ့ပါတယ္။

ေကာလိပ္မွာ ေက်ာင္းသား၊ေက်ာင္းသူ ဘယ္ေလာက္ရွိပါသလဲ။

အမ်ိဳးသားစီမံခန္႔ခြဲမႈ ပညာဒီဂရီေကာလိပ္မွာ လက္ရွိတက္ ေရာက္ေနတဲ့ ေက်ာင္းသား ေက်ာင္းသူဦးေရ (၁၆၀၀) ခန္႔ရွိၿပီး အထူးျပဳဘာသာရပ္ (၄) ခုနဲ႔ သင္ၾကားေပးေနတာ ျဖစ္ပါတယ္။

အြန္လိုင္းစနစ္ေျပာင္းလဲဖို႔ စတင္ေဆာင္ရြက္ေနတာနဲ႔ ပတ္သက္ၿပီးေျပာျပေပးပါအုံး။

ေက်ာင္းနဲ႔ပတ္သတ္တဲ့ စီမံခန္႔ခြဲမႈေတြအပါဝင္ ေက်ာင္းအပ္ႏွံတာ၊ ေငြသြင္းတာေတြအျပင္ ဝန္ထမ္းေတြအတြက္ လစာတြက္ ခ်က္မႈေတြကအစ အြန္လိုင္း အသံုးျပဳစနစ္ကို ေျပာင္းလဲမွာျဖစ္ပါ တယ္။ ေျပာင္းလဲမယ့္စနစ္နဲ႔ ပတ္သတ္ၿပီး Management Online စနစ္ကို လုပ္ဖို႔အတြက္ payment စနစ္ေတြေျပာင္းမယ္။ အြန္လိုင္းနဲ႔ ျဖစ္ရမယ္ ။ ဆရာမတို႔ စနစ္က ဘယ္ေလာက္အထိ မွန္းထားလဲဆိုရင္ ေက်ာင္းသား၊ ေက်ာင္းသူေတြက တစ္ခါအပ္ၿပီးၿပီဆိုတာနဲ႔ သူ႔ရဲ႕အခ်က္အလက္က ဒီကြန္ပ်ဴတာထဲ အကုန္ဝင္သြားၿပီ။ သူလိုခ်င္တဲ့ အခ်ိန္ထုတ္ယူလို႔ရေအာင္ အထိသြားမယ္။

ပထမႏွစ္ တက္ၿပီးၿပီပဲထားစို႔ ဒုတိယႏွစ္တက္မယ့္ အခ်ိန္မွာ သူ႔ရဲ႕ပထမႏွစ္ အမွတ္စာရင္းလုိခ်င္တယ္ဆိုရင္ အိုင္ဒီနံပါတ္နဲ႔ ေက်ာင္းသား၊ ေက်ာင္းသူနာမည္ ထည့္လိုက္တယ္ဆိုရင္ သူရဲ႕အမွတ္စာရင္း ထြက္လာတဲ့ အေျခအေနထိေရာက္ေအာင္ သြားမယ္လို႔ ရည္ရြယ္ထားပါတယ္။ ေက်ာင္းသား၊ ေက်ာင္းသူက ေက်ာင္းတက္ေၾကာင္း ေထာက္ခံ စာယူခ်င္တယ္ဆိုရင္လည္း သူရဲ႕အိုင္ဒီနံပါတ္ကို ထည့္ၿပီးတာနဲ႔ ရယူႏိုင္ေအာင္ ၿပီးေတာ့ (Report) မွန္သမ်ွ အကုန္ထုတ္ႏိုင္ေအာင္၊ Output မွန္သမ်ွ အကုန္ထုတ္ ႏိုင္ေအာင္ထိ လုပ္ေဆာင္မွာပါ။ ေက်ာင္းသားေရးရာမွာဆိုရင္လည္း ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ အခ်က္အလက္ေတြကို တစ္ခါတည္းဆြဲၿပီးသားျဖစ္တယ္။ ၿပီးေတာ့ ဘ႑ာေရးပိုင္းမွာဆိုရင္လည္း ေငြေပးေငြယူ ကိစၥရပ္ေတြကို အြန္လိုင္းနဲ႔ပဲ ေဆာင္ရြက္မယ္။ ေနာက္ပိုင္းမွာ ဘတ္ဂ်တ္ေရးဆြဲတာေတြ အားလံုးကို အြန္လိုင္းနဲ႔ပဲ ေဆာင္ရြက္မယ္။ ဝင္ေငြ ထြက္ေငြေရးဆြဲတာေတြကအစ အြန္လိုင္းနဲ႔ ေဆာင္ရြက္ႏိုင္ေအာင္လုပ္သြားမယ္။

သတင္းအခ်က္အလက္ေတြ အားလံုးကို Data Base တစ္ခုတည္းမွာ ရႏိုင္ၿပီးလိုခ်င္တဲ့ report ေတြကို လိုခ်င္တဲ့အခ်ိန္ ထုတ္ႏိုင္မွာျဖစ္ပါတယ္။ တတိယတစ္ခ်က္က ဝန္ထမ္းေတြနဲ႔ ပတ္သက္တဲ့ Data Base ေတြရွိဖို႔ လိုပါတယ္။ ဆရာဆရာမေတြရဲ႕ အခ်က္အလက္ေတြ အားလံုးတစ္ေနရာတည္း ထုတ္သြားႏိုင္မယ္။ လစာတြက္ခ်က္မႈေတြ အားလံုးကိုလည္း ကြန္ပ်ဴတာနဲ႔သြား မယ္။ ေနာက္တစ္ခုက စာၾကည့္ တိုက္ စီမံခန္႔ခြဲမႈ၊ ေက်ာင္းသား၊ ေက်ာင္းသူေတြလိုခ်င္တဲ့စာအုပ္ ကို အြန္လိုင္းကေနပဲ ရွာႏိုင္ မယ္။ ရွိတယ္ဆိုရင္ လူကိုယ္တိုင္ လာငွားရမယ္။ လက္ရွိ E Library စနစ္ကိုလည္း ေဖာ္ေဆာင္ထားပါတယ္၊ အဲဒီလိုတစ္ဆင့္ၿပီး တစ္ဆင့္သြားမွာ ျဖစ္ပါတယ္။

ဒီစနစ္က ႀကိဳတင္ေငြသြင္းထားမွ ေပးေခ်လို႔ရတာဆိုေတာ့ ေက်ာင္းသားေတြက အတိုးမဲ့စနစ္နဲ႔ဘဏ္ကို ပိုက္ဆံေခ်းထားရတာနဲ႔တူေနတယ္ အဲဒီအေပၚမွာ ဘယ္လိုျမင္လဲ။

ဆရာမအေနနဲ႔ တစ္ခ်ိဳ႕ကိစၥေတြကို အေသးစိတ္တြက္ခ်က္လို႔မရဘူး။ အတိုးမဲ့တယ္ဆိုတာထက္ အတိုးအတြက္ရမယ့္ေငြကိုလည္း ေက်ာင္းသူ၊ေက်ာင္းသားရဲ႕ အဆင္ေျပမႈအတြက္ ကုန္က်စရိတ္အတြက္ သက္သာတဲ့ဟာနဲ႔ ႏိႈင္းယွဥ္ၾကည့္ရင္ တစ္ဖက္တည္း ၾကည့္လို႔မရဘူး။ ႏွစ္ဘက္ၾကည့္ရမွာျဖစ္လို႔ ေက်ာင္းသူ၊ ေက်ာင္းသားေတြဟာအခ်ိန္ကုန္ သက္သာမယ္၊ ေငြမေရတြက္ ရတဲ့အတြက္ ၀န္ထမ္းေတြသက္သာမယ္။ ဒါမ်ိဳးအတြက္သာ ကုန္က်စရိတ္ကို တြက္လိုက္လို႔ရွိရင္ အမ်ားႀကီးသက္သာပါတယ္။

KBZ ေပးက ဖန္တီးထားတဲ့ စနစ္တစ္ခုက ေကာင္းမြန္တယ္ဆိုေပမယ့္ ေငြသြင္းေငြထုတ္လုပ္ရတာက နီးစပ္လြယ္ကူမႈမရွိဘူးလို႔ ေျပာၾကတယ္။အဲဒီအတြက္ ေက်ာင္းသားေတြအေနနဲ႔ အခတ္အခဲမရွိဘူးလား။

KBZ pay စနစ္နဲ႔ ေက်ာင္းလခသြင္းတဲ့အခါ အမွားတစ္စံု တစ္ခုျဖစ္ေပၚရင္ ေက်ာင္းနဲ႔သက္ဆုိင္မႈမရွိပဲ ေငြေပးေငြယူကိစၥအတြက္ KBZ pay နဲ႔ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔
ထိပ္တိုက္ ေျဖရွင္းရမွာ ျဖစ္ပါတယ္။ ေက်ာင္းသား၊ ေက်ာင္းသူေတြ ေငြေပးသြင္းမႈအဆင္ေျပေအာင္ ေက်ာင္းမွာ KBZ Pay Boost တစ္ခု ထားရွိေပးထားၿပီး ေငြထပ္မံသြင္းတာ ထုတ္တာေတြ ျပဳႏိုင္မွာျဖစ္ပါတယ္။

ဒီေငြေပးေခ်မႈစနစ္ကို ေကာလိပ္က ဘာေၾကာင့္ လက္ခံ အသံုးျပဳခဲ့တာလဲ။

တီခ်ယ္တို႔က paperless ကို သြားခ်င္တယ္၊ ေက်ာင္းႀကီး တစ္ခုလံုးရဲ႕ စနစ္ကို ကြန္ပ်ဴတာနဲ႔ သြားခ်င္တယ္။ အဲဒါ့ေၾကာင့္ ပထမအဆင့္ ေျခလွမ္းအေနနဲ႔ အြန္လိုင္း payment ကိုစၿပီးလုပ္ တယ္။ ေငြေပးေခ်မႈကိုအြန္လိုင္း စနစ္နဲ႔သာ သံုးလို႔မရဘူးဆိုရင္ တီခ်ယ္တို႔လုပ္တဲ့ စီမံခန္႔ခြဲမႈစနစ္မွာ အဆင္မေျပဘူး။ လြန္ခဲ့တဲ့ (၅) ႏွစ္ေလာက္ကတည္းစိတ္ကူး ရွိခဲ့တာကို ၿပီးခဲ့တဲ့ႏွစ္ကစၿပီး အေကာင္အထည္ ေဖာ္လိုက္တာပါ။

ေကာလိပ္ကို အစိုးရအဖဲြဲ႕အစည္းက ေငြလက္ခံရာမွာ ျပဳျပင္ေျပာင္းလဲမႈလုပ္ဖို႔ ညႊန္ၾကားထားတာရွိလား။

ညႊန္ၾကားထားတာေတာ့ မရွိပါဘူး။ ဆရာမကိုယ္တိုင္ အဆိုျပဳလႊတ္ထားခဲ့တာပါ။ အခုကိစၥဆိုရင္ KBZ Pay နဲ႔ ေဆာင္ရြက္တဲ့အခါ အခ်ိန္နည္းပါတယ္။ ဆရာတို႔တင္ရတဲ့ အခ်ိန္နည္းေတာ့ ဆုံးျဖတ္ခ်က္က ေနာက္မွလိုက္တာပါ။

မျဖစ္မေန ဒီစနစ္နဲ႔ ေပးသြင္းရမယ္ဆိုေတာ့ ဘဏ္လုပ္ငန္းအတြက္ စီးပြားေရးဆိုင္ရာ အသံုးခ်မႈ ေၾကာ္ျငာတစ္ခု ျဖစ္မေနဘူးလား။

စီးပြားေရးလုပ္ငန္းအတြက္ ေၾကာ္ျငာျဖစ္တာဆိုတာထက္ လူေတြဟာ ေငြေၾကးကိုင္ သုံးစြဲဖို႔လိုသလား။ မလိုလား။ အေရးႀကီးပါတယ္။ အခုကမၻာမွ သြား ေနတာ ပလပ္စတစ္ Money နဲ႔ သြားေနတယ္။ ဒါက အိုင္တီရဲ႕ အေရးပါမႈျဖစ္တဲ့အတြက္ ေခတ္နဲ႔အညီ လိုက္ေျပာင္းရမွာျဖစ္ပါတယ္။ KBZ အတြက္ ေၾကာ္ျငာေပးသလားဆိုတာေတာ့ အဲလိုဆိုမွားတယ္။ KBZ အတြက္ ေၾကာ္ျငာတာ မဟုတ္ပါဘူး။ ဆရာမတို႔အတြက္ System ရဲ႕ အစိတ္ေလးတစ္ခုကို ထည့္လိုက္တယ္။ ေနာက္လူေတြလည္း ဒါကိုသုံးရမယ္။ ဘာလို႔ ဒါကိုသုံးရမလဲဆိုေတာ့ လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္က အေရးႀကီးတဲ့ ေတြ႕ရွိခ်က္တစ္ခုျဖစ္တဲ့ ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ လာအို၊ ထုိင္း၊ ဗီယက္နမ္နဲ႔ ျမန္မာႏိုင္ငံနဲ႔ ႏိႈင္းယွဥ္ထားတဲ့ Financial Sector နဲ႔ပတ္သက္တဲ့ ႏႈိင္းယွဥ္ထားတဲ့ paper တစ္ခုကို ေရးသားခဲ့တယ္။ အဲလိုေရးခဲ့တဲ့အခ်ိန္မွာ ျမန္မာႏိုင္ငံရဲ႕ ေငြေၾကးကိုင္တြယ္သုံးစြဲမႈ တစ္နည္းအားျဖင့္ M0 ရဲ႕ Trend ကိုၾကည့္လိုက္တဲ့အခါမွ တစ္ျခား ႏိုင္ငံေတြထက္ အမ်ားႀကီး ျမင့္တာကိုေတြ႔ရတယ္။ ဒါလြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္ေက်ာ္ေလာက္က ေလ့လာထားတာ။ ဒါေပမဲ့ အခုလည္း လူေတြက ဘာကိုကိုင္သုံးေနက်လဲဆိုရင္ ေငြကို
ကိုင္သုံးက်တယ္။ အဲဒီေငြကို ကိုင္သုံးတာက ျပသာနာႀကီး တယ္။ အဲဒါဘာလဲဆိုရင္ အတုဆိုတာ ျပသာနာရွိတယ္။ ေနာက္တစ္ခုလူေတြက ေငြကိုအရမ္းကိုင္တဲ့အတြက္ ေငြစကၠဴစုုတ္ၿပဲမႈ
မ်ားတယ္။ ဒါေပမဲ့ လူေတြဟာ ငါတို႔ကိုင္လို႔ စုပ္ၿပဲတယ္လို႔ မထင္ဘူး။ ႏိုင္ငံေတာ္က ေငြစုတ္ေတြဘဲ ေပးတယ္ထင္တယ္။ အမွန္ေတာ့ မဟုတ္ပါဘူး။ အသုံးျပဳတဲ့သူေတြေၾကာင့္ ျဖစ္ရတာပါ။ ဒါက အရမ္းအေရးႀကီးပါတယ္။ ေငြစကၠဴ ကိုင္တြယ္မႈႏႈန္းက ဆရာမတို႔အေနနဲ႔ေလွ်ာ့ခ်ဖို႔ေတာ့ လိုအပ္ပါတယ္။ အဲတာ စီးပြားေရးအတြက္ အရမ္း အေရးႀကီးပါ တယ္။ စီးပြားေရးအတြက္ Payment ေတြကိုလည္း အြန္လိုင္း Payment နဲ႔ လုပ္ႏိုင္မယ္ဆိုရင္ေတာ့ လူေတြလက္ထဲမွာ ေငြရွိစရာမလိုဘူး။ ဒါဆို ေငြစကၠဴေတြ ထုတ္စရာအေၾကာင္းလည္း မရွိဘူး။ အဲဒါဆို အြန္လိုင္းနဲ႔ ေပးေခ်လို႔ရမယ္။ ဒါေၾကာင့္ ဆရာမတို႔အေနနဲ႔ ေက်ာင္းတြင္းမွာေတာင္ အြန္လိုင္းနဲ႔ ေပးေခ်ႏုိင္ေအာင္ Cashless System ရေအာင္ပါ။ Cashless System ရရင္ဘယ္သူမွ ေငြကိုင္ စရာ မလိုဘူး။ ဟန္းဆက္ေလး တစ္ လုံးနဲ႔ ေပးေခ်ရမွာျဖစ္တယ္။ဒါဆို Money Section ေတြက အိုင္တီ ထဲမွာပဲရွိတယ္။ ဆရာမတို႔ ေနာင္ သြားရမယ့္ေျခလမ္း အစိတ္ပိုင္းတစ္ခုျဖစ္ပါတယ္။

Management Online စနစ္ကို လုပ္ဖို႔အတြက္ အခ်ိန္ ဘယ္ေလာက္ယူခဲ့ရပါသလဲ။

Management Online စနစ္ကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ဖို႔ နည္းနည္းေတာ႔ၾကာမယ္၊ ေလာေလာဆယ္အခုလက္ ရွိရွိေနတဲ့ မန္ႏူရယ္ စနစ္ေတြကို ကြန္ပ်ဴတာစနစ္ေျပာင္းရတယ္။ တစ္ဆင့္ခ်င္းစီ သြားတာျဖစ္တဲ့အတြက္ ေက်ာင္းသားေရးရာနဲ႔ ဘ႑ာကို ပထမဦးစားေပး၊ ဒုတိယဦးစားေပးကေတာ့ HR၊ တတိယ ဦးစားေပးကစာၾကည့္တိုက္ တစ္ဆင့္ခ်င္းစီ သြားမွာျဖစ္တဲ့အတြက္ တစ္ႏွစ္ေလာက္ အခ်ိန္ယူ ရပါတယ္။

[ Unicode ]

အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်ရဲ့ စီမံခန့်ခွဲမှုစနစ်ကို အွန်လိုင်းစနစ် ပြောင်းလဲခြင်းနဲ့ ပတ်သက်ပြီး ကျောင်းအုပ်ကြီး ဒေါက်တာ ဒေါ်တင်တင်ထွေးကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ကောလိပ်မှာ ကျောင်းသား၊ကျောင်းသူ ဘယ်လောက်ရှိပါသလဲ။

အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှာ လက်ရှိတက် ရောက်နေတဲ့ ကျောင်းသား ကျောင်းသူဦးရေ (၁၆၀၀) ခန့်ရှိပြီး အထူးပြုဘာသာရပ် (၄) ခုနဲ့ သင်ကြားပေးနေတာ ဖြစ်ပါတယ်။

အွန်လိုင်းစနစ်ပြောင်းလဲဖို့ စတင်ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီးပြောပြပေးပါအုံး။

ကျောင်းနဲ့ပတ်သတ်တဲ့ စီမံခန့်ခွဲမှုတွေအပါဝင် ကျောင်းအပ်နှံတာ၊ ငွေသွင်းတာတွေအပြင် ဝန်ထမ်းတွေအတွက် လစာတွက် ချက်မှုတွေကအစ အွန်လိုင်း အသုံးပြုစနစ်ကို ပြောင်းလဲမှာဖြစ်ပါ တယ်။ ပြောင်းလဲမယ့်စနစ်နဲ့ ပတ်သတ်ပြီး Management Online စနစ်ကို လုပ်ဖို့အတွက် payment စနစ်တွေပြောင်းမယ်။ အွန်လိုင်းနဲ့ ဖြစ်ရမယ် ။ ဆရာမတို့ စနစ်က ဘယ်လောက်အထိ မှန်းထားလဲဆိုရင် ကျောင်းသား၊ ကျောင်းသူတွေက တစ်ခါအပ်ပြီးပြီဆိုတာနဲ့ သူ့ရဲ့အချက်အလက်က ဒီကွန်ပျူတာထဲ အကုန်ဝင်သွားပြီ။ သူလိုချင်တဲ့ အချိန်ထုတ်ယူလို့ရအောင် အထိသွားမယ်။

ပထမနှစ် တက်ပြီးပြီပဲထားစို့ ဒုတိယနှစ်တက်မယ့် အချိန်မှာ သူ့ရဲ့ပထမနှစ် အမှတ်စာရင်းလိုချင်တယ်ဆိုရင် အိုင်ဒီနံပါတ်နဲ့ ကျောင်းသား၊ ကျောင်းသူနာမည် ထည့်လိုက်တယ်ဆိုရင် သူရဲ့အမှတ်စာရင်း ထွက်လာတဲ့ အခြေအနေထိရောက်အောင် သွားမယ်လို့ ရည်ရွယ်ထားပါတယ်။ ကျောင်းသား၊ ကျောင်းသူက ကျောင်းတက်ကြောင်း ထောက်ခံ စာယူချင်တယ်ဆိုရင်လည်း သူရဲ့အိုင်ဒီနံပါတ်ကို ထည့်ပြီးတာနဲ့ ရယူနိုင်အောင် ပြီးတော့ (Report) မှန်သမျှ အကုန်ထုတ်နိုင်အောင်၊ Output မှန်သမျှ အကုန်ထုတ် နိုင်အောင်ထိ လုပ်ဆောင်မှာပါ။ ကျောင်းသားရေးရာမှာဆိုရင်လည်း ကျောင်းသား၊ ကျောင်းသူတွေရဲ့ အချက်အလက်တွေကို တစ်ခါတည်းဆွဲပြီးသားဖြစ်တယ်။ ပြီးတော့ ဘဏ္ဍာရေးပိုင်းမှာဆိုရင်လည်း ငွေပေးငွေယူ ကိစ္စရပ်တွေကို အွန်လိုင်းနဲ့ပဲ ဆောင်ရွက်မယ်။ နောက်ပိုင်းမှာ ဘတ်ဂျတ်ရေးဆွဲတာတွေ အားလုံးကို အွန်လိုင်းနဲ့ပဲ ဆောင်ရွက်မယ်။ ဝင်ငွေ ထွက်ငွေရေးဆွဲတာတွေကအစ အွန်လိုင်းနဲ့ ဆောင်ရွက်နိုင်အောင်လုပ်သွားမယ်။

သတင်းအချက်အလက်တွေ အားလုံးကို Data Base တစ်ခုတည်းမှာ ရနိုင်ပြီးလိုချင်တဲ့ report တွေကို လိုချင်တဲ့အချိန် ထုတ်နိုင်မှာဖြစ်ပါတယ်။ တတိယတစ်ချက်က ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ Data Base တွေရှိဖို့ လိုပါတယ်။ ဆရာဆရာမတွေရဲ့ အချက်အလက်တွေ အားလုံးတစ်နေရာတည်း ထုတ်သွားနိုင်မယ်။ လစာတွက်ချက်မှုတွေ အားလုံးကိုလည်း ကွန်ပျူတာနဲ့သွား မယ်။ နောက်တစ်ခုက စာကြည့် တိုက် စီမံခန့်ခွဲမှု၊ ကျောင်းသား၊ ကျောင်းသူတွေလိုချင်တဲ့စာအုပ် ကို အွန်လိုင်းကနေပဲ ရှာနိုင် မယ်။ ရှိတယ်ဆိုရင် လူကိုယ်တိုင် လာငှားရမယ်။ လက်ရှိ E Library စနစ်ကိုလည်း ဖော်ဆောင်ထားပါတယ်၊ အဲဒီလိုတစ်ဆင့်ပြီး တစ်ဆင့်သွားမှာ ဖြစ်ပါတယ်။

ဒီစနစ်က ကြိုတင်ငွေသွင်းထားမှ ပေးချေလို့ရတာဆိုတော့ ကျောင်းသားတွေက အတိုးမဲ့စနစ်နဲ့ဘဏ်ကို ပိုက်ဆံချေးထားရတာနဲ့တူနေတယ် အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဆရာမအနေနဲ့ တစ်ချို့ကိစ္စတွေကို အသေးစိတ်တွက်ချက်လို့မရဘူး။ အတိုးမဲ့တယ်ဆိုတာထက် အတိုးအတွက်ရမယ့်ငွေကိုလည်း ကျောင်းသူ၊ကျောင်းသားရဲ့ အဆင်ပြေမှုအတွက် ကုန်ကျစရိတ်အတွက် သက်သာတဲ့ဟာနဲ့ နှိုင်းယှဉ်ကြည့်ရင် တစ်ဖက်တည်း ကြည့်လို့မရဘူး။ နှစ်ဘက်ကြည့်ရမှာဖြစ်လို့ ကျောင်းသူ၊ ကျောင်းသားတွေဟာအချိန်ကုန် သက်သာမယ်၊ ငွေမရေတွက် ရတဲ့အတွက် ၀န်ထမ်းတွေသက်သာမယ်။ ဒါမျိုးအတွက်သာ ကုန်ကျစရိတ်ကို တွက်လိုက်လို့ရှိရင် အများကြီးသက်သာပါတယ်။

KBZ ပေးက ဖန်တီးထားတဲ့ စနစ်တစ်ခုက ကောင်းမွန်တယ်ဆိုပေမယ့် ငွေသွင်းငွေထုတ်လုပ်ရတာက နီးစပ်လွယ်ကူမှုမရှိဘူးလို့ ပြောကြတယ်။အဲဒီအတွက် ကျောင်းသားတွေအနေနဲ့ အခတ်အခဲမရှိဘူးလား။

KBZ pay စနစ်နဲ့ ကျောင်းလခသွင်းတဲ့အခါ အမှားတစ်စုံ တစ်ခုဖြစ်ပေါ်ရင် ကျောင်းနဲ့သက်ဆိုင်မှုမရှိပဲ ငွေပေးငွေယူကိစ္စအတွက် KBZ pay နဲ့ကျောင်းသား၊ ကျောင်းသူတွေနဲ့
ထိပ်တိုက် ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ငွေပေးသွင်းမှုအဆင်ပြေအောင် ကျောင်းမှာ KBZ Pay Boost တစ်ခု ထားရှိပေးထားပြီး ငွေထပ်မံသွင်းတာ ထုတ်တာတွေ ပြုနိုင်မှာဖြစ်ပါတယ်။

ဒီငွေပေးချေမှုစနစ်ကို ကောလိပ်က ဘာကြောင့် လက်ခံ အသုံးပြုခဲ့တာလဲ။

တီချယ်တို့က paperless ကို သွားချင်တယ်၊ ကျောင်းကြီး တစ်ခုလုံးရဲ့ စနစ်ကို ကွန်ပျူတာနဲ့ သွားချင်တယ်။ အဲဒါ့ကြောင့် ပထမအဆင့် ခြေလှမ်းအနေနဲ့ အွန်လိုင်း payment ကိုစပြီးလုပ် တယ်။ ငွေပေးချေမှုကိုအွန်လိုင်း စနစ်နဲ့သာ သုံးလို့မရဘူးဆိုရင် တီချယ်တို့လုပ်တဲ့ စီမံခန့်ခွဲမှုစနစ်မှာ အဆင်မပြေဘူး။ လွန်ခဲ့တဲ့ (၅) နှစ်လောက်ကတည်းစိတ်ကူး ရှိခဲ့တာကို ပြီးခဲ့တဲ့နှစ်ကစပြီး အကောင်အထည် ဖော်လိုက်တာပါ။

ကောလိပ်ကို အစိုးရအဖွဲဲ့အစည်းက ငွေလက်ခံရာမှာ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ ညွှန်ကြားထားတာရှိလား။

ညွှန်ကြားထားတာတော့ မရှိပါဘူး။ ဆရာမကိုယ်တိုင် အဆိုပြုလွှတ်ထားခဲ့တာပါ။ အခုကိစ္စဆိုရင် KBZ Pay နဲ့ ဆောင်ရွက်တဲ့အခါ အချိန်နည်းပါတယ်။ ဆရာတို့တင်ရတဲ့ အချိန်နည်းတော့ ဆုံးဖြတ်ချက်က နောက်မှလိုက်တာပါ။

မဖြစ်မနေ ဒီစနစ်နဲ့ ပေးသွင်းရမယ်ဆိုတော့ ဘဏ်လုပ်ငန်းအတွက် စီးပွားရေးဆိုင်ရာ အသုံးချမှု ကြော်ငြာတစ်ခု ဖြစ်မနေဘူးလား။

စီးပွားရေးလုပ်ငန်းအတွက် ကြော်ငြာဖြစ်တာဆိုတာထက် လူတွေဟာ ငွေကြေးကိုင် သုံးစွဲဖို့လိုသလား။ မလိုလား။ အရေးကြီးပါတယ်။ အခုကမ္ဘာမှ သွား နေတာ ပလပ်စတစ် Money နဲ့ သွားနေတယ်။ ဒါက အိုင်တီရဲ့ အရေးပါမှုဖြစ်တဲ့အတွက် ခေတ်နဲ့အညီ လိုက်ပြောင်းရမှာဖြစ်ပါတယ်။ KBZ အတွက် ကြော်ငြာပေးသလားဆိုတာတော့ အဲလိုဆိုမှားတယ်။ KBZ အတွက် ကြော်ငြာတာ မဟုတ်ပါဘူး။ ဆရာမတို့အတွက် System ရဲ့ အစိတ်လေးတစ်ခုကို ထည့်လိုက်တယ်။ နောက်လူတွေလည်း ဒါကိုသုံးရမယ်။ ဘာလို့ ဒါကိုသုံးရမလဲဆိုတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အရေးကြီးတဲ့ တွေ့ရှိချက်တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ထားတဲ့ Financial Sector နဲ့ပတ်သက်တဲ့ နှိုင်းယှဉ်ထားတဲ့ paper တစ်ခုကို ရေးသားခဲ့တယ်။ အဲလိုရေးခဲ့တဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ ငွေကြေးကိုင်တွယ်သုံးစွဲမှု တစ်နည်းအားဖြင့် M0 ရဲ့ Trend ကိုကြည့်လိုက်တဲ့အခါမှ တစ်ခြား နိုင်ငံတွေထက် အများကြီး မြင့်တာကိုတွေ့ရတယ်။ ဒါလွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်လောက်က လေ့လာထားတာ။ ဒါပေမဲ့ အခုလည်း လူတွေက ဘာကိုကိုင်သုံးနေကျလဲဆိုရင် ငွေကို
ကိုင်သုံးကျတယ်။ အဲဒီငွေကို ကိုင်သုံးတာက ပြသာနာကြီး တယ်။ အဲဒါဘာလဲဆိုရင် အတုဆိုတာ ပြသာနာရှိတယ်။ နောက်တစ်ခုလူတွေက ငွေကိုအရမ်းကိုင်တဲ့အတွက် ငွေစက္ကူစုုတ်ပြဲမှုများတယ်။ ဒါပေမဲ့ လူတွေဟာ ငါတို့ကိုင်လို့ စုပ်ပြဲတယ်လို့ မထင်ဘူး။ နိုင်ငံတော်က ငွေစုတ်တွေဘဲ ပေးတယ်ထင်တယ်။ အမှန်တော့ မဟုတ်ပါဘူး။ အသုံးပြုတဲ့သူတွေကြောင့် ဖြစ်ရတာပါ။ ဒါက အရမ်းအရေးကြီးပါတယ်။ ငွေစက္ကူ ကိုင်တွယ်မှုနှုန်းက ဆရာမတို့အနေနဲ့လျှော့ချဖို့တော့ လိုအပ်ပါတယ်။ အဲတာ စီးပွားရေးအတွက် အရမ်း အရေးကြီးပါ တယ်။ စီးပွားရေးအတွက် Payment တွေကိုလည်း အွန်လိုင်း Payment နဲ့ လုပ်နိုင်မယ်ဆိုရင်တော့ လူတွေလက်ထဲမှာ ငွေ ရှိစရာမလိုဘူး။ ဒါဆို ငွေစက္ကူတွေ ထုတ်စရာအကြောင်းလည်း မရှိဘူး။ အဲဒါဆို အွန်လိုင်းနဲ့ ပေးချေလို့ရမယ်။ ဒါကြောင့် ဆရာမတို့အနေနဲ့ ကျောင်းတွင်းမှာတောင် အွန်လိုင်းနဲ့ ပေးချေနိုင်အောင် Cashless System ရအောင်ပါ။ Cashless System ရရင်ဘယ်သူမှ ငွေကိုင် စရာ မလိုဘူး။ ဟန်းဆက်လေး တစ် လုံးနဲ့ ပေးချေရမှာဖြစ်တယ်။ဒါဆို Money Section တွေက အိုင်တီ ထဲမှာပဲရှိတယ်။ ဆရာမတို့ နောင် သွားရမယ့်ခြေလမ်း အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။

Management Online စနစ်ကို လုပ်ဖို့အတွက် အချိန် ဘယ်လောက်ယူခဲ့ရပါသလဲ။

Management Online စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ နည်းနည်းတော့ကြာမယ်၊ လောလောဆယ်အခုလက် ရှိရှိနေတဲ့ မန်နူရယ် စနစ်တွေကို ကွန်ပျူတာစနစ်ပြောင်းရတယ်။ တစ်ဆင့်ချင်းစီ သွားတာဖြစ်တဲ့အတွက် ကျောင်းသားရေးရာနဲ့ ဘဏ္ဍာကို ပထမဦးစားပေး၊ ဒုတိယဦးစားပေးကတော့ HR၊ တတိယ ဦးစားပေးကစာကြည့်တိုက် တစ်ဆင့်ချင်းစီ သွားမှာဖြစ်တဲ့အတွက် တစ်နှစ်လောက် အချိန်ယူ ရပါတယ်။