အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ အချိန်ပိုင်းသင်တန်းများအတွက် သင်တန်းသားခေါ်ယူ
[ Zawgyi ]
-သန္တာ
[ Unicode ]
အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ အချိန်ပိုင်းသင်တန်း အမှတ်စဉ် (၂) အတွက် သင်တန်းသားခေါ်ယူ လျက်ရှိပါတယ်။
Certificate in Business Management (CBM), Certificate in Mass Communication (CMC), Certificate in Tourism Managment (CTM) ,Certificate in Business English Level I/Level II (I CBE, II CBE) သင်တန်းတွေအတွက် ခေါ်ယူတာဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေ လျှောက်ထား တက်ရောက်နိုင်ပါတယ်။ သင်တန်းကာလကတော့ ၃ လ ကြာမြင့်မှာဖြစ်ပြီး သင်တန်းကြေးကတော့ တစ်လကို ၆၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ I CBE သင်တန်းအတွက် တစ်လ ၂၀,၀၀၀ ကျပ်၊ II CBE သင်တန်းအတွက် တစ်လ ၂၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ သင်တန်းတွေကို ဇွန် ၁၀ ရက်မှာ စတင်ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပြီး လျှောက်လွှာတွေကို ဇွန် ၃ ရက်မှစတင်ကာ နံနက် ၁၀ နာရီမှ ညနေ ၂ နာရီအထိ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၊ သင်တန်းရေးရာဌာနမှာ ထုတ်ယူနိုင်ပါတယ်။ သင်တန်းချိန်တွေကတော့ တနင်္လာမှ သောကြာ၊ နံနက် ရ နာရီမှ ၉ နာရီအထိ ဖြစ်ပါတယ်။
အသေးစိတ်ကို ဖုန်း – ၀၁-၂၉၂၅၆၆ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။