အမျိုးသမီးများ၏ ငွေကြေးစီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်
[ Zawgyi ]
မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း (MWEA) ရဲ့ စီးပွားရေးကော်မတီမှ ဦးဆောင်ကာ နိုင်ငံကျော်တေးသံရှင် R ဇာနည်ရဲ့ ဇနီး `ဝမ်း’ တို့က အိမ်ထောင်ရှင်ဘဝနဲ့  စီးပွားရေးလုပ်ငန်းတွေအကြား ငွေကြေးစီမံခန့်ခွဲမှု အကြောင်းများနဲ့ အိမ်ထောင်ရှင် အမျိုးသမီးများက အိမ်ထောင်ဦးစီးများ ရှာဖွေလာတဲ့ ငွေကြေးများကို စီမံခန့်ခွဲနိုင်မယ့်သင်တန်းကို ဇူလိုင်လ ၁၅ ရက်က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် မြရွှေပလင် သဒ္ဓမ္မသုခရိပ်သာ (အနုပညာဆည်းးဆာရိပ်) မှာ ဖွင့်လှစ်ခဲ့ပါတယ်။
မြန်မာအမျိုးသမီး အိမ်ထောင်ရှင်များ အနေနဲ့ အိမ်ထောင်ရှင်မ ဘဝမှ စီးပွားရေးစီမံခန့်ခွဲမှု အိမ်တွင်း ငွေကြေးဆိုင်ရာ စီမံခန်ခွဲမှုဖြစ်တဲ့ အမျိုးသမီးများရဲ့ နေ့စဉ်ဝင်ငွေများအား စိစစ်သုံးစွဲတတ်စေရန်၊ မိမိဝင်ငွေ၊ မိသားစုဝင်ငွေနဲ့ အခြားဝင်ငွေများအား သတ်မှတ်ရှာဖွေ တတ်လာစေရန်၊ အမျိုးသမီးများ တတ်အပ်တဲ့ အပ်ချုပ်လုပ်ငန်းစတဲ့ အိမ်တွင်းမှုလုပ်ငန်းများနဲ့ တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်ရန် နည်းပညာ၊ အရင်းအနှီး၊ အဆက်အသွယ်များကို ကော်မတီမှ ဖန်တီးရှာဖွေ ထောက်ပံ့ပေးခြင်းဖြင့် အမျိုးသမီးများရဲ့ဘဝများ လှပလာနိုင်စေရန်၊ အမျိုးသမီးများရဲ့ မှန်ကန်တိကျတဲ့ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပြည်စုံကောင်းမွန်တဲ့ မိသားစုဘဝများ ဖန်တီးတည်ဆောက်လာနိုင်စေရန်၊ မိသားစုဝင်ငွေ ပြည့်စုံခြင်းမှသည် မျိုးဆက်သစ်လူငယ်များအတွက် ကောင်းမွန်တဲ့ ပညာရေး၊ ကျန်းမာရေး အစီအစဉ်များ လုပ်ဆောင်ပေးခြင်းဖြင့် သာယာလှပတဲ့ အနာဂတ်လူ့အဖွဲ့အစည်း တည်ဆောက်ပြီး နိုင်ငံနဲ့လူမျိုးရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။
[foogallery id=”88560″]
-အောင်သူ
[ Unicode ]
မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း (MWEA) ရဲ့ စီးပွားရေးကော်မတီမှ ဦးဆောင်ကာ နိုင်ငံကျော်တေးသံရှင် R ဇာနည်ရဲ့ ဇနီး `ဝမ်း’ တို့က အိမ်ထောင်ရှင်ဘဝနဲ့ ့ စီးပွားရေးလုပ်ငန်းတွေအကြား ငွေကြေးစီမံခန့်ခွဲမှု အကြောင်းများနဲ့ အိမ်ထောင်ရှင် အမျိုးသမီးများက အိမ်ထောင်ဦးစီးများ ရှာဖွေလာတဲ့ ငွေကြေးများကို စီမံခန့်ခွဲနိုင်မယ့်သင်တန်းကို ဇူလိုင်လ ၁၅ ရက်က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် မြရွှေပလင် သဒ္ဓမ္မသုခရိပ်သာ (အနုပညာဆည်းးဆာရိပ်) မှာ ဖွင့်လှစ်ခဲ့ပါတယ်။
မြန်မာအမျိုးသမီး အိမ်ထောင်ရှင်များ အနေနဲ့ အိမ်ထောင်ရှင်မ ဘဝမှ စီးပွားရေးစီမံခန့်ခွဲမှု အိမ်တွင်း ငွေကြေးဆိုင်ရာ စီမံခန်ခွဲမှုဖြစ်တဲ့ အမျိုးသမီးများရဲ့ နေ့စဉ်ဝင်ငွေများအား စိစစ်သုံးစွဲတတ်စေရန်၊ မိမိဝင်ငွေ၊ မိသားစုဝင်ငွေနဲ့ အခြားဝင်ငွေများအား သတ်မှတ်ရှာဖွေ တတ်လာစေရန်၊ အမျိုးသမီးများ တတ်အပ်တဲ့ အပ်ချုပ်လုပ်ငန်းစတဲ့ အိမ်တွင်းမှုလုပ်ငန်းများနဲ့ တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်ရန် နည်းပညာ၊ အရင်းအနှီး၊ အဆက်အသွယ်များကို ကော်မတီမှ ဖန်တီးရှာဖွေ ထောက်ပ့ံပေးခြင်းဖြင့် အမျိုးသမီးများရဲ့ဘဝများ လှပလာနိုင်စေရန်၊ အမျိုးသမီးများရဲ့ မှန်ကန်တိကျတဲ့ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပြည်စုံကောင်းမွန်တဲ့ မိသားစုဘဝများ ဖန်တီးတည်ဆောက်လာနိုင်စေရန်၊ မိသားစုဝင်ငွေ ပြည့်စုံခြင်းမှသည် မျိုးဆက်သစ်လူငယ်များအတွက် ကောင်းမွန်တဲ့ ပညာရေး၊ ကျန်းမာရေး အစီအစဉ်များ လုပ်ဆောင်ပေးခြင်းဖြင့် သာယာလှပတဲ့ အနာဂတ်လူ့အဖွဲ့အစည်း တည်ဆောက်ပြီး နိုင်ငံနဲ့လူမျိုးရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။
သင်တန်းမှာ ထူးချွန်သူတွေကို မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း (MWEA) ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာစေဖို့ ထောက်ပ့ံ ကူညီပေးသွားမယ်လို့ သိရပါတယ်။ သင်တန်းကို ရန်ကုန် မြို့ အပြင် အခြား ပြည်နယ်တိုင်းဒေသကြီးများ မှာလည်း ဖွင့်လှစ်သင်ကြားပေးသွားရန် အစီအစဉ်များ ရှိတယ်လို့ သိရပါတယ်။ နိုင်ငံကျော် အဆိုတော် R ဇာနည်ရဲ့ ဇနီး `ဝမ်း´မှလည်း အသက် ၂၂ နှစ် မှ စတင် အိမ်ထောင်ကျပြီး သားသမီး ရယူမှု၊ အိမ်ထောင်မှု ထိန်းသိမ်း စီမံခန့်ခွဲမှုမှ တစ်ဆင့် ယခုအခါ စီးပွားရေးလုပ်ငန်း တစ်ခုကိုပင် ဦးစီးလုပ်ကိုင်နိုင်ပြီဖြစ်တဲ့ အိမ်ထောင်ရှင်မတစ်ဦး ဖြစ်နေကြောင်းကို အခမ်းအနား တက်ရောက်လာတဲ့ အမျိုးသမီးတွေကို မျှဝေပြောကြားခဲ့ပါတယ်။
[foogallery id=”88560″]
-အောင်သူ