အများပြည်သူပိုင် Amazon ဆာဗာက Facebook မှတ်တမ်း သန်းပေါင်းများစွာ ပေါက်ကြားခဲ့

အများပြည်သူပိုင် ဆာဗာထဲက Facebook မှတ်တမ်း သန်း ၅၄၀ ကျော်ပါဝင်တဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တယ်လို့ UpGuard ကလုံခြုံရေးသုတေသီတွေက ပြောခဲ့ပါတယ်။
အဲဒီအချက်အလက်တွေထဲမှာ လူတွေရဲ့ မှတ်ချက်တွေ၊ like တွေ၊ နာမည်တွေနဲ့ Facebook ID တွေ ပါဝင်လာပါတယ်။ အဲဒီ အချက်အလက်တွေကို third-party Facebook app ၂ ခုက စုစည်းထားတာပါ။

“Facebook ပေါ်လစီတွေက အများပြည်သူ database အတွင်းမှာ Facebook သတင်းအချက်အလက်တွေ သိမ်းဆည်းတာကို တားမြစ်ထားပါတယ်။ ပြဿနာတစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးတဲ့နောက်မှာတော့ database တွေ ဖြုတ်ချဖို့ Amazon နဲ့အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ လူတွေရဲ့ အချက်အလက်ကို ကာကွယ်ဖို့ ကျွန်တော်တို့ ပလက်ဖောင်းပေါ်က developer တွေနဲ့ အလုပ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်” လို့ Facebook ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

ဇန်နဝါရီလအတွင်း Cultura Colectiva ကသတိပေးခဲ့ပေမယ့် တုံ့ပြန်မှုမရခဲ့ဘူးလို့ UpGuard ကပြောခဲ့ပါတယ်။ လုံခြုံရေးသုတေသီတွေက database လုံခြုံရေးအတွက် Amazon ကိုဆက်သွယ်ခဲ့ပေမယ့် အရေးတယူမပြုလုပ်ခဲ့ပါဘူး။ အဲဒီ database ဟာ ဧပြီ ၃ ရက်၊ ဗုဒ္ဓဟူးနေ့အထိ မလုံခြုံခဲ့သလို Bloomberg က အချက်အလက်ပေါက်ကြားတဲ့သတင်းကို ပထမဆုံးဖော်ပြခဲ့ချိန်မှာ Facebook ကိုဆက်သွယ်ခဲ့ပါတယ်။
Facebook ဟာ ပြီးခဲ့တဲ့လအတွင်း လုံခြုံရေးသတိလစ်ဟင်းမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ပေါက်ကြားမှုထဲမှာ Facebook ဟာ text ဖိုင်အတွင်း လူသန်းရာပေါင်းများစွာရဲ့ password တွေသိမ်းဆည်းထားမိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

စိုးထက်
Ref: CNET