အမေရိကန်-အာဆီယံ ဧည့်ပညာရှင် ဖူးလ်ဘရိုက် ပညာတော်သင်ဆုအကြောင်း ဆွေးနွေးပွဲပြုလုပ်မည်

၂၀၂၁ ခုနှစ်အတွက် အမေရိကန်-အာဆီယံ ဧည့်ပညာရှင် ဖူးလ်ဘရိုက် ပညာတော်သင်ဆုအကြောင်း ဆွေးနွေးပွဲကို အမေရိကန်သံရုံးမှ ကျင်းပသွားမယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သုတေသနလုပ်ဖို့ စိတ်ဝင်စားတဲ့ မြန်မာကျွမ်းကျင်ပညာရှင်တွေ အနေနဲ့ ၂၀၂၁ ခုနှစ်အတွက် အမေရိကန်-အာဆီယံ ဧည့်ပညာရှင် ဖူးလ်ဘရိုက် ပညာတော်သင်ဆုအကြောင်း ဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၆ ရက်၊ ညနေ ၃ နာရီမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပါဝင်မေးမြန်းဆွေးနွေးကြသူတွေ အနေနဲ့ ဒီပညာသင်ဆုအစီအစဉ်အကြောင်း အသေးစိတ်ကို သိရမှာဖြစ်သလို ဒီပညာတော်သင်အစီအစဉ်နဲ့ ပြန်လာပြီးသူ တစ်ယောက်ဆီကလည်း တိုက်ရိုက်ကြားသိရမှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ https://tinyurl.com/USASEAN1NF0ZOOM မှာစာရင်းပေးသွင်းတက်ရောက်နိုင်ပြီး Meeting Passcode ကတော့ 751276 ဖြစ်ပါတယ်။

ပညာသင်ဆုနဲ့ပတ်သက်ပြီး အသေးစိတ်ကို https://bit.ly/365hDqf မှာဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««