အမေရိကန် ပညာရေးဆွေးနွေးပွဲ ကျင်းပမည်

အမေရိကန်တက္ကသိုလ် ကောလိပ်တွေကို မှန်ကန်စွာရွေးချယ်တက်ရောက်နိုင်ဖို့ အတွက်ရှင်းလင်းပြောကြားပေးမယ့် အမေရိကန် ပညာရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၂ နာရီမှ ၄ နာရီအထိ Novotel Hotel , အင်းလေးခန်းမမှာကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

အမေရိကန်တက္ကသိုလ်ကြီးများသို့ တက်ရောက်ရာတွင် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူ‌တွေနဲ့ကိုက်ညီမယ့် Globlal Student Successful Program (GSSP) မှ တစ်ဆင့်လျှောက်ထားနိုင်မယ့် အမေရိကန် တက္ကသိုလ်ကြီးများ အကြောင်းကို Ms.Hoang Ngoc Anh (Senior Recruitment Manager) က ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘော်စတွန်မြို့ရှိ University of Massachusetts Boston ရဲ့ စီးပွားရေးနှင့်စီမံခန့်ခွဲမှုဘာသာရပ်များအကြောင်း၊ UMass Lowell အကြောင်း၊ UMass Dartmouth အကြောင်း၊ Florida Atlantic University အကြောင်းတို့ကို ပြောကြားပေးမှာဖြစ်ပါတယ်။ ပွဲတက်ရောက်လိုသူတွေအနေနဲ့ AT&S (Overseas Education Services) အဆောင်(၅)၊ အခန်း-၄၊ MICTDC လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်။ ဖုန်း-(၀၁-၆၅၂၃၂၀၊ ၀၉- ၅၀၆၂၁၆၁၊ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ