အမေရိကန် ကျောင်းသားဗီဇာများ ပြန်လည်လျှောက်ထားနိုင်မည်

အမေရိကန် ကျောင်းသားဗီဇာ ပြန်လျှောက်လိုခြင်း သို့မဟုတ် အမေရိကန်ပြည်ထောင်စု၌ ကျောင်းသွားတက်ရန် ရည်ရွယ်ချက်ဖြင့် ကျောင်းသားဗီဇာအသစ်လျှောက်ထားလိုခြင်းများ ရှိပါက nivinquiryRangoon@state.gov သို့ အီးမေးလ်ပေးပို့ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

အီးမေးလ်ပို့ရာတွင် သင်၏ အမည်၊ သင်တက်ရောက်ရမည့်အတန်းသည် လူကိုယ်တိုင် (သို့မဟုတ် လူကိုယ်တိုင်နှင့် အွန်လိုင်း ရောထားသော hybrid အတန်းများ) ဟုတ်မဟုတ်၊ ကျောင်းစတင်မည့်နေ့ရက်များကို အီးမေးလ်ထဲတွင် ထည့်သွင်းဖော်ပြရန် လိုအပ်ပြီး https://bit.ly/3fA6Dpi မှာကျောင်းသားဗီဇာလျှောက်ရန် လိုအပ်တဲ့ အချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျောင်းသားဗီဇာ (F/M/J ဗီဇာများ) အတွက် အင်တာဗျူးမလိုအပ်ဘဲ လျှောက်ထားနိုင်ကာ အရည်အချင်းများပြည့်စုံပါက လျှောက်လွှာတွေကို တနင်္လာနေ့နဲ့ ဗုဒ္ဓဟူးနေ့များတွင် နံနက် ၈ နာရီ မှ ၁၀ နာရီ အတွင်း (သံရုံး ရုံးပိတ်ရက်များမှအပ) ကြိုတင်ရက်ချိန်းရယူရန် မလိုဘဲ လျောက်ထားနိုင်မှာဖြစ်ပါတယ်။

လိုအပ်တဲ့ စာရွက်စာတမ်းတွေကို https://bit.ly/3kYwQyI မှာ ဝင်ရောက်လေ့လာနိုင်ပြီး ကျောင်းသားဗီဇာနဲ့ ပတ်သက်ပြီး ပိုမို သိရှိလိုသည်များကို NIVInquiryRangoon@state.gov အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှု ထိန်းချုပ်ရေးဆိုင်ရာ အစိုးရကထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအရ အမေရိကန်သံရုံးသည် လူကိုယ်တိုင်လာရောက်ရမည့် ဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့် ဆက်လက် ပေးအပ်နေတယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««