အမေရိကန်အစိုးရမှ SEAYLP နှင့် MYLP အစီအစဉ်နှစ်မျိုးအတွက် မြန်မာလူငယ်များကို ဖိတ်ခေါ်

အမေရိကန်အစိုးရက အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် (SEAYLP) နှင့် မြန်မာလူငယ်ခေါင်းဆောင် (MYLP) အစီအစဉ်နှစ်မျိုးအတွက် မြန်မာလူငယ်တွေကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

SEAYLP နဲ့ MYLP အစီအစဉ် နှစ်မျိုးစလုံးမှာ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ပြီး ခေါင်းဆောင်မှုနဲ့ လူငယ်ဖွံ့ဖြိုးရေးများကို အဓိကထားလေ့လာရတဲ့ အစီအစဉ်တွေဖြစ်ပါတယ်။ SEAYLP အစီအစဉ်မှာ သီတင်းသုံးပတ် ကြာမြင့်မှာဖြစ်ပြီး MYLP အစီအစဉ်မှာ သီတင်းလေးပတ် ကြာမြင့်မှာဖြစ်ပါတယ်။ ၂၀၂၀ ဧပြီလ အတွင်း အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ရမှာဖြစ်ပြီး ပြန်လာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ သိရပါတယ်။

အခြေခံပညာအထက်တန်း ကျောင်းသား/သူများနဲ့ တက္ကသိုလ်ပထမနှစ် ကျောင်းသား/သူများ အနေနဲ့ အသက် (၁၅) နှစ်မှ (၁၇) နှစ်အတွင်းဖြစ်ပါက SEAYLP အစီအစဉ်ကို လျှောက်ထားနိုင်ပြီး အသက် (၁၅) နှစ်မှ (၁၉) နှစ် ကြား ဖြစ်ပါက MYLP အစီအစဉ်ကို လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ပညာရေးနောက်ခံကောင်း ရှိထားရမှာဖြစ်ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေမှာ လုပ်ကိုင်လိုစိတ်ရှိသူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူနဲ့ ခေါင်းဆောင်မှုနယ်ပယ်မှာ အလားအလာရှိသူတွေကို ဦးစားပေးရွေးချယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အင်္ဂလိပ်စာ 4 Skills ကောင်းမွန်ရမှာဖြစ်ပြီး အစီအစဉ် နှစ်ခုလုံးအတွက် ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ https://bit.ly/2Lt7vhq မှတစ်ဆင့် လျှောက်လွှာရယူနိုင်ပြီး [email protected] ကို Email ပေးပို့လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။