အမေရိကန်အစိုးရနှင့် ပုဂ္ဂလိက တက္ကသိုလ်များမှ ပေးအပ်မည့် ပညာသင်ဆု ဆွေးနွေးပွဲ ပြုလုပ်မည်

အမေရိကန်အစိုးရ တက္ကသိုလ်နှင့် ပုဂ္ဂလိက တက္ကသိုလ်များမှ ပေးအပ်မယ့်ပညာသင်ဆု ဆွေးနွေးပွဲ ကို နို၀င်ဘာ ၁၇ ရက် နေ့လယ် ၁ နာရီ မှ ၃ နာရီ အထိ မန္တလေးမြို့ရှိ Hilton Hotel (Jacaranda Meeting Room) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို Shorelight Education နှင့် MSI Overseas Education (Mandalay) တို့ ပူးပေါင်း ကျင်းပသွားမှာဖြစ်ပြီး ကမ္ဘာ့အဆင့် (၂၀၀) အတွင်းရှိ အမေရိကန်နိုင်ငံ ထိပ်တန်း တက္ကသိုလ်ကြီး ၅ ခုထဲမှ အစိုးရတက္ကသိုလ်ဖြစ်သော University of Illinois at Chicago (Illinois), Florida International University (Florida), University of Central Florida (Orlando, Florida) နှင့် ပုဂ္ဂလိက တက္ကသိုလ်ဖြစ်သော Adelphi University (New York), University of Pacific (California) တို့တွင် ပညာသင်နှစ် ၄ နှစ်စာလုံးအတွက် ပညာသင်ဆုအကြောင်းကို ဆွေးနွေးပေးမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲတွင် Shorelight Education မှ တာဝန်ရှိသူ Mr.David Picton မှ အမေရိကန်နိုင်ငံတွင် (၁) နှစ် မှ (၃) နှစ် အထိ နေထိုင်ပြီး အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ၊ (၄) နှစ်ဆက်တိုက် ပေးအပ်သွားမည့် အမေရိကန် ပညာသင်ဆုများ ၊ (၁၀) တန်း နှင့် IGCSE အောင်မြင်ပြီးသော ကျောင်းသား/ သူများအတွက် အမေရိကန်တက္ကသိုလ် ပထမနှစ်သို့ တိုက်ရိုက်ဝင်ခွင့် ရရှိမယ့်အကြောင်း ၊ SAT / TOEFL မလိုဘဲ တက်ရောက်နိုင်မယ့် နိုင်ငံတကာ ပညာရေး လမ်းကြောင်းများ ၊ အမေရိကန် ပညာရေးစနစ် နှင့် ကျောင်းဝင်ခွင့် သတ်မှတ်ချက်များ ၊ အမေရိကန်နိုင်ငံတွင် ကျောင်းတက်ရင်း လုပ်ကိုင်နိုင်မည့် အချိန်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းများ ၊ ဘာသာရပ်များအကြောင်းကို အသေးစိတ်ဆွေးနွေး ပေးသွားမှာပါ။

ပွဲတက်ရောက်လိုသူတွေအနေနဲ့ ဖုန်း – ၀၉၅၁၀၃၉၁၅၊ ၀၉၄၀၂၅၁၇၅၄၉၊ ၀၉၄၄၄၄၄၃၉၁၆ ကို ဆက်သွယ်မေးမြန်း တက်ရောက်နိုင်ပါတယ်။

-သန္တာ