အမေရိကန်အင်္ဂလိပ်စာသင်ခန်းစာ အစီအစဉ်မှ ဆရာ၊ ဆရာမများ တက်ရောက်ရန် ဖိတ်ခေါ်

အမေရိကန်အင်္ဂလိပ်စာသင်ခန်းစာ Teacher Development Series 9 အစီအစဉ်ကို ဆရာ၊ ဆရာမများ တက်ရောက်ရန် အမေရိကန်သံရုံးက ဖိတ်ခေါ်ထားပါတယ်။

အမေရိကန်အင်္ဂလိပ်စာသင်ခန်းစာ webinar ဖေ့စ်ဘုတ်ခ် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးနဲ့ ယဉ်ကျေးမှုရေားရာဗျူရိုအင်္ဂလိပ်ဘာသာစကား အစီအစဉ်က စီစဉ်ပြုလုပ်တာဖြစ်ပြီး အင်္ဂလိပ်စာသင်တဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ အသိပညာတွေ၊ သင်ကြားရေးနည်းစနစ်တွေ ပိုပြီး တိုးတက်ကောင်းမွန်လိုသူတွေ တက်ရောက်နိုင်ပါတယ်။

ကမ္ဘာတစ်ဝန်းက အင်္ဂလိပ်စာဆရာ၊ ဆရာမတွေ အတွက် ဒီကျွမ်းကျင်မှုပညာသင်တန်းကနေပြီး ကျောင်းသူ၊ ကျောင်းသားဗဟိုပြု ပို့ချမှုမှာ ကျောင်းသားနဲ့ ဆရာ၊ ဆရာမ အကြား အပြန်အလှန်ထိတွေ့ သင်ကြားသင်ယူနိုင်တဲ့ သင်ကြားရေးနည်းစနစ်ဆိုင်ရာ အကြောင်းအရာတွေကို ပို့ချပေးမှာဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်ကို စက်တင်ဘာ ၂၃ ရက် ကနေ ဒီဇင်ဘာ ၂ ရက်အထိ တစ်ပတ်ခြား ဗုဒ္ဓဟူးနေ့တိုင်း မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ မှ ၇ နာရီခွဲအထိ တစ်ကြိမ်နဲ့ ည ၁၁ နာရီခွဲ မှ ၁၂ နာရီခွဲအထိ တစ်ကြိမ် နှစ်ကြိမ်ထုတ်လွှင့် တင်ဆက်သွားမှာဖြစ်ပြီး သင်ခန်းစာတွေကိုလေ့လာနိုင်ဖို့အတွက် ဆရာ၊ ဆရာမတွေအတွက် အမေရိကန် အင်္ဂလိပ်ဘာသာစကားသင်ခန်းစာ ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်တဲ့ American English for Educators ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်။

သင်ခန်းစာအစီအစဉ် တစ်ခုချင်းစီ ပြီးမြောက်တိုင်း ဝင်ရောက်လေ့လာသင်ယူပြီးကြောင်း စစ်ဆေးအတည်ပြုထားတဲ့ ဒစ်ဂျစ်တယ်စနစ်နဲ့ အသိအမှတ်ပြုထားတာကိုရရှိမှာ ဖြစ်ပြီး သင်ခန်းစာ ခြောက်ကြိမ်မှာ လေးကြိမ်တက်ရောက်ခဲ့သူတွေကို အမေရိကန်သံရုံးကနေ အသိအမှတ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ https://www.surveymonkey.com/r/2020WS9 မှာ သွားရောက် စာရင်းပေးသွင်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««