အမေရိကန်ရွေးကောက်ပွဲ ရလဒ်အတု ဖော်ပြတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို YouTube ဖြုတ်ချ

YouTube ဟာ အမေရိကန်နိုင်ငံအတွင်း ရွေးကောက်ပွဲအတွက် မဲ‌ရေတွက်မှု မပိတ်သိမ်းခင် နာရီပိုင်းအလိုမှာ ရွေးကောက်ပွဲ ရလဒ်အတုပြုလုပ်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုတွေကို ဖြုတ်ချခဲ့ပါတယ်။

YouTube က ရလဒ်အတုဖော်ပြတဲ့ ဗီဒီယိုတွေကို ဖြုတ်မချမီ ကြည့်ရှုသူဦးရေ ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။ တချို့ဗီဒီယိုတွေက ကြော်ငြာတွေ ပါဝင်တာကြောင့် ပိုက်ဆံရှာဖွေတဲ့ content တွေဖြစ်ပါတယ်။

“သုံးသပ်ချက်တွေကို ဂရုတစိုက် ကြည့်ရှုပြီးနောက်မှာ ကျွန်တော်တို့က Community Guidelines ချိုးဖောက်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ဖယ်ရှားခဲ့တယ်။ ကျွန်တော်တို့က spam နဲ့ လှည့်စားတဲ့လုပ်ရပ်၊ လိမ်လည်မှု တားဆီးတဲ့ ပေါ်လစီတွေ ထားရှိခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲအကျိုးဆက်နဲ့ ရွေးကောက်ပွဲအပြီး ကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ content တွေကို သတိဝီရိယနဲ့ ဆက်လက် စောင့်ကြည့်သွားပါမယ်” လို့ YouTub ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

-စိုးထက်
Ref: CNET

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««