အမေရိကန်မှာ Samsung Galaxy S21 ကြိုတင်မှာယူခွင့်ပြု

Samsung ရဲ့အသစ်ထွက်ရှိမယ့် Galaxy S21 စမတ်ဖုန်းတွေကတော့ တရားဝင် မိတ်ဆက်မယ့် ရက်စွဲ မထွက်သေးပေမယ့် အမေရိကန်မှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။

XDA Developer ဖော်ပြချက်အရ Samsung ဟာ အမေရိကန်မှာ Samsung Shop app ကတစ်ဆင့် ဖုန်းကြိုတင်မှာယူမှုပြုနိုင်မယ့် အစီအစဉ် စတင်နေပါပြီ။ Samsung Shop ဆိုတဲ့ app ကနေ ဖုန်းကို ကြိုတင်မှာယူတဲ့အခါ ဖုန်းအသစ်အတွက် ဆက်စပ်ပစ္စည်းတွေကို ဒေါ်လာ ၆၀ ဖိုး အထိ အကြွေးဝယ်နိုင်အောင်လည်း ကမ်းလှမ်းထားပါတယ်။ အခု အစီအစဉ်ထဲမှာ app ကတစ်ဆင့် S21 ဖုန်းကြိုတင်မှာယူပြီးရင် အပိုထပ်ဆောင်း ၁၀ ဒေါ်လာ အကြွေးဝယ်ယူခွင့်ရထားပါတယ်။

လက်ရှိမှာတော့ Samsung Galaxy S21 ဖုန်းကို ဘယ်အချိန်မှာ မိတ်ဆက်မယ်ဆိုတာ မသိသေးပါဘူး။ ဒါပေမဲ့ ကောလာဟလ သတင်းတွေအရ ဇန်နဝါရီ ၁၄ ရက်မှာ Unpacked ပွဲပြုလုပ်မယ်လို့ ဖော်ပြနေကြပါတယ်။

-စိုးထက်
Ref: Mashable

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««