အမေရိကန်မှာ COVID-19 ပထမဆုံး ကာကွယ်ဆေးဖြန့်ချိ

အမေရိကန်မှာ တနင်္လာနေ့ နံနက်က စတင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စတင် ထိုးပေးနေပါပြီ။ နယူးယောက် ကျန်းမာရေးဝန်ထမ်းတွေကို စတင်ပြီး Pfizer ကာကွယ်ဆေးတချို့ စတင် ထိုးပေးခဲ့ပါတယ်။ အမေရိကန်မှာ COVID-19 ကြောင့် လူ ၃၀၀,၀၀၀ သေဆုံးပြီးတဲ့နောက် ကာကွယ်ဆေးထိုးမှုကို စတင် လုပ်ဆောင်ခဲ့ပါတယ်။

အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးအဖွဲ့က သောကြာနေ့မှာပဲ အမေရိကန်မှာ COVID-19 ကာကွယ်ဆေး ဖြန့်ဝေဖို့ ဆေးဝါးကုမ္ပဏီ Pfizer ကို အရေးပေါ် အသုံးပြုခွင့်ပေးလိုက်ပါတယ်။ ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုပေးရေး အတွင်းရေးမှူး အဲလက်အေဇာကတော့ ဝါရှင်တန်ဒီစီက ဂျော့ဝါရှင်တန်တက္ကသိုလ်ဆေးရုံက ဝန်ထမ်း ၅ ဦးကို အခမ်းအနား အစီအစဉ်နဲ့ ကာကွယ်ဆေး စတင်ထိုးပေးဖို့ မျှော်မှန်းထားပါတယ်။ လောင်းအိုင်လန်းဂျူးဆေးဘက်ဆိုင်ရာစင်တာက ကြပ်မတ်ကုသရေးသူနာပြု ဆန်ဒရာလင်ဆေးကတော့ နယူးယောက်မှာ ကာကွယ်ဆေး စတင် အထိုးခံသူ ဖြစ်လာပါတယ်။

အမေရိကန်မှာ လူဦးရေ သန်း ၃၃၀ ကျော် ကာကွယ်ဆေး ချက်ချင်းရရှိဦးမှာ မဟုတ်ပါဘူး။ ကနဦးမှာ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး ကာကွယ်ဆေးထိုးပေးသွားပါမယ်။ အသက်အရွယ်ကြောင့် အလွန်အမင်း နေမကောင်းဖြစ်နိုင်မှု မြင့်မားသူတွေနဲ့ အလုပ်အကိုင်နဲ့ အခြေအနေအကြောင်းရင်း ရှိသူတွေကိုပဲ ဦးစားပေး ကာကွယ်ဆေး ထိုးပေးသွားပါမယ်။ Pfizer ကတော့ ၂၀၂၀ အတွင်း ကာကွယ်ဆေး သန်း ၅၀ ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး ၂၀၂၁ မှာ ၁.၃ ဘီလျံ ထုတ်လုပ်သွားပါမယ်။

စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««