အမေရိကန်မှာ နာမည်ပျက်စာရင်းသွင်းခံရတဲ့ Xiaomi

အမေရိကန်အစိုးရက တရုတ်စမတ်ဖုန်း ကုမ္ပဏီ Xiaomi ကိုတော့ နိုင်ငံတော်အုပ်ချုပ်ရေးကဏ္ဍ အမိန့်စာကတစ်ဆင့် “ကွန်မြူနစ် တရုတ်စစ်တပ်ကုမ္ပဏီ” စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

အမေရိကန်အစိုးရရဲ့ အမိန့်ကြေညာစာက နိုင်ငံတွင်း Xiaomi စတော့ရှယ်ယာပိုင်ဆိုင်သူမှုက တရားမဝင်ဖြစ်ကြောင်း ဆိုလိုပါတယ်။အမေရိကန်နဲ့ တရုတ်တို့ဟာ Huawei ကိစ္စနဲ့ တစ်နှစ်ခွဲတိုင်တိုင် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတွေတက်ခဲ့ပြီး အမေရိကန်ကုန်သွယ်ရေးဌာနက Huawei ကို “entity list” ထဲထည့်သွင်းလိုက်ပါတယ်။ Huawei ဟာ entity list ထဲသွင်းလိုက်ခံရတာကြေင့် အမေရိကန်ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ကိုင်တာ ဒါမှမဟုတ် သွင်းကုန်တင်သွင်းခွင့် မရတော့ပါဘူး။

Xiaomi ကတော့ Huawei နဲ့မတူဘဲ စာရင်းတစ်ခုနဲ့ နာမည်ပျက်စာရင်း အသွင်းခံခဲ့ရပါတယ်။ Xiaomi ကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ “ကွန်မြူနစ် တရုတ်စစ်တပ် ကုမ္ပဏီ” စာရင်းထဲသွင်းလိုက်တာကြောင့် အမေရိကန် ရှယ်ယာရှင်တွေက ရင်းနှီးမြှုပ်နှံခွင့် မရှိတော့ဘဲ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ ပယ်ဖျက်သွားပါမယ်။

Xiaomi ကတော့ Twitter မှာတော့ အမေရိကန်အစိုးရကို ပြန်လည်တုံ့ပြန် ပြောဆိုခဲ့ပါတယ်။ ကုမ္ပဏီဟာ တရုတ်စစ်တပ်အောက်မှာ မရှိသလို တရုတ်စစ်တပ်က ပိုင်ဆိုင်၊ ထိန်းချုပ်ထားတာ မရှိဘူးလို့ ပြောခဲ့ပါတယ်။

-စိုးထက်
Ref: ArsTechnica

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««