အမေရိကန်မှာ ဆန္ဒပြမှုတွေကြောင့် Android 11 Beta မိတ်ဆက်မှုကို ရွှေ့ဆိုင်း

Google က ဇွန် ၃ ရက်မှာ Android 11 က feature သစ်တွေကို မိတ်ဆက်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုအခါမှာ အမေရိကန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာကြောင့် Android 11 Beta မိတ်ဆက်မယ့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

မီနီယာပိုလစ်ပြည်နယ်အတွင်း ဂျော့ဖလွိုက်သေဆုံးမှုကြောင့် ပဋိပက္ခတွေ ဖြစ်ပွားနေခဲ့ပါတယ်။ Google ရုံးနဲ့ ဝန်ထမ်းအများစုက ဆန်ဖရန်စစ္စကို ပင်လယ်အော်ဧရိယာမှာ အခြေစိုက်ပြီး အဓိကရုန်းရင်းဆန်ခတ်မှုတွေက ဆန်ဟိုဆေးနဲ့ အုတ်ကလန်မှာ ဖြစ်ပွားနေပါတယ်။ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဧရိယာမှာ လူမဆန်တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

စိုးထက်
Ref: TheVerge