အမေရိကန်မှာ စတင်ရောင်းချနေတဲ့ OnePlus 8T

OnePlus ဟာ 8T ဖုန်းကို မိတ်ဆက်ခဲ့တာ တစ်ပတ်တိတိရှိပြီ ဖြစ်ပြီး အမေရိကန်မှာ စတင် ရောင်းချနေပါတယ်။

OnePlus 8T ကိုတော့ Lunar Silver နဲ့ Aquamarine Green ဆိုပြီး အရောင် ၂ မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ T-Mobile မှာ OnePlus 8T ကိုတော့ RAM 12GB နဲ့ storage 256GB တစ်မျိုးတည်း ရောင်းချနေပါတယ်။ ဈေးနှုန်းကတော့ ၇၄၉ ဒေါ်လာ ကျသင့်ပါမယ်။

ဥရောပမှာတော့ OnePlus 8T RAM 8GB နဲ့ 128GB ကိုလည်း ရောင်းချပေးပါတယ်။ OnePlus 8T မှာတော့ 65W အားသွင်းစနစ် ပါဝင်လာပြီး refresh rate 120Hz display နဲ့ဖြစ်ပါတယ်။ OnePlus နောက်ဆုံးပေါ် နားကြပ်ဖြစ်တဲ့ OnePlus Buds Z ကတော့ နိုဝင်ဘာလ ၂ ရက်မှပဲ ရောင်းချဖွယ်ရှိပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««