အမေရိကန်ပြည်နယ်တစ်ခုချင်းစီက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ခြေရာခံပေးမယ့် COVID-19 dashboard

Instagram တည်ထောင်သူတွေဖြစ်တဲ့ ကယ်ဗင်ဆိုင်စထရွန်နဲ့ မိုက်ခရီဂျာတို့ဟာ Facebook ကထွက်ခွာပြီးနောက် ပထမဆုံးစီမံကိန်းကို လွှင့်တင်လိုက်ပါတယ်။ ခရီဂျာနဲ့ ဆိုင်စထရွတ်တို့က အမေရိကန်နိုင်ငံ အတွင်းက ပြည်နယ်တစ်ခုချင်းစီအတွင်း COVID-19 ပျံ့နှံ့နှုန်းကို ခြေရာခံပေးမယ့် Rt.live ဝက်ဘ်ဆိုက်ကို ဖြန့်ချိလိုက်ပါတယ်။

“Rt” ဆိုတာက COVID-19 ကပ်ရောဂါအတွင်း အသုံးပြုကြတဲ့ မက်ထရစ်စနစ်ဖြစ်ပါတယ်။ ရောဂါကူးစက်သူ တစ်ယောက်နဲ့ ကူးစက်ခံရတဲ့ လူဘယ်လောက်ရှိလဲ ဆိုတာ တိုင်းတာတဲ့စနစ်ဖြစ်ပါတယ်။ ပြည်နယ်တစ်ခုမှာ Rt က ၁ ထက်ကျော်ရင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ပိုမိုမြန်ဆန်လာပါမယ်။

“Rt က 1.0 ထက်မြင့်တယ်ဆိုရင် ဗိုင်းရပ်စ် အလျင်အမြန်ပျံ့နေပါပြီ။ Rt ကတော့ 1.0 ထက်နည်းရင်တော့ ဗိုင်းရပ်စ်ပျံ့ပွားမှု ရပ်သွားမှာပါ” လို့ Rt.live ဝက်ဘ်ဆိုက်အကြောင်းကို ခရီဂျာကရှင်းပြခဲ့ပါတယ်။

“ကျွန်တော်တို့က COVID-19 ပြန့်ပွားမှုကို နားလည်နိုင်မယ့် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုက ကူးစက်မှုနှုန်းပြတဲ့ Rt တိုင်းတာမှုစနစ်ကို ယုံကြည်တဲ့အတွက် Rt.live ဝက်ဘ်ဆိုက် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်” လို့ ခရီဂျာကပြောခဲ့ပါတယ်။

အခု dashboard ပေါ်က အချက်အလက်က အမေရိကန်ပြည်နယ်တွေ ဘယ်အချိန်မှာ ပြန်လည် ဖွင့်လှစ်ရမလဲဆိုတာ ဆုံးဖြတ်တဲ့အခါ အသုံးဝင်လာနိုင်ပါတယ်။

စိုးထက်
Ref: 9to5Mac