အမေရိကန်ပညာရေး အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်မည်

၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ထိပ်တန်းတက္ကသိုလ်တွေမှာ သွားရောက်သင်ယူလိုသူတိုင်း အတွက် အမေရိကန်ပညာရေး အွန်လိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၅ ရက်၊ နံနက် ၉:၃၀ မှ ၁၁:၃၀ အထိ Zoom နဲ့ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ အမေရိကန်ထိပ်တန်းတက္ကသိုလ်တွေက တာဝန်ရှိသူနဲ့ တိုက်ရိုက် မေးမြန်းနိုင်ဖို့ CROWN Education က စီစဉ်ပေးထားပြီး ဒီကာလအတွင်း ပြင်ဆင်ထားသင့်တဲ့အရာများ၊ အမေရိကန်နိုင်ငံမှာ ပညာသင်ကြားမယ် ဆိုရင် စာသင်စရိတ်အပြင် တခြား ကုန်ကျစရိတ်များ၊ အမေရိကန်တက္ကသိုလ်ပညာရေးရဲ့ အားသာချက်များ၊ ကျောင်းတက်ရင်း အလုပ်လုပ်ခွင့်ရှိလား၊ ကျောင်းအပြီး Career အတွက် လိုအပ်ချက်များ၊ အမေရိကန်တက္ကသိုလ်တွေမှာ သင်ယူနိုင်တဲ့ ဘာသာရပ်တွေ၊ SAT/ACTရမှတ်တွေကြောင်း၊ မိဘတွေအနေနဲ့ သားသမီးတွေကို ဒီကာလအတွင်း Onlineက ဆက်လက်သင်ယူဖို့ အားပေးသင့်ပါသလား အစရှိတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပြောကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပွဲတက်ရောက်လိုသူတွေ အနေနဲ့ https://bit.ly/crowndec15 မှတစ်ဆင့် စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««