အမေရိကန်နိုင်ငံ University of Massachusetts သို့ SAT/ACT မလိုဘဲ လျှောက်ထားတက်ရောက်နိုင်မည်

အမေရိကန်နိုင်ငံ Massachusetts ပြည်နယ်ရှိ Boston၊ Lowell နဲ့ Dartmouth တက္ကသိုလ်များသို့ SAT/ACT မလိုဘဲ လျှောက်ထားတက်ရောက်နိုင်မယ်လို့ သိရပါတယ်။

University of Massachusetts ရဲ့ Campus (Boston, Lowell, Dartmouth) မှာ တက်ရောက်လိုသူတွေအနေနဲ့ ၂၀၂၀ ပညာသင်နှစ် Fall နဲ့ Summer ကျောင်းဖွင့်ချိန်များ အတွက် AT&S (Overseas Education Services) မှ တစ်ဆင့် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ University of Massachusetts ရဲ့ Campus Lowell ဟာ ပြည်နယ်ရဲ့ စတုတ္ထအကြီးဆုံးမြို့ဖြစ်တဲ့ Lowell မြို့မှာ တည်ရှိပြီး သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာသာသာရပ်တွေကို သင်ကြားပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှ အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူတွေ၊ IGCSE အောင်မြင်ထားသူတွေနဲ့ အပြည်ပြည်ဆိုင်ရာ ၁၂ တန်းအောင်မြင်ပြီးသူတွေဟာ SAT စာမေးပွဲဖြေဆိုရန် မလိုဘဲ တက္ကသိုလ်ပထမနှစ်နဲ့ ညီမျှတဲ့ Global Student Success Program (GSSP) မှတစ်ဆင့် သို့မဟုတ် တိုက်ရိုက် လျှောက်ထားတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ မာစတာတန်း တက်ရောက်လိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ Pre Master Program တက်ရောက်ပြီး ဘွဲ့လွန်ဒီဂရီတန်းကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ကျောင်းလျှောက်ထားလိုသူတွေနဲ့ အသေးစိတ် သိရှိလိုသူတွအနေနဲ့ AT&S (Overseas Education Services) ဖုန်း-(၀၁-၆၅၂၃၂၀၊ ၀၉-၇၇၇၂၂၃၂၂၅) ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မှာဖြစ်ပါတယ်။

-သန္တာ