အမေရိကန်နိုင်ငံ University of Kansas မှ ပညာသင်ဆုပေးအပ်မည်

အမေရိကန်နိုင်ငံရှိ Association of American Universities (AAU) စာရင်းဝင် University of Kansas မှာ အင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်တွေကို ပညာသင်ဆုနဲ့ တက်ရောက်နိုင်မယ်လို့ AT&S Co.,Ltd မှသိရပါတယ်။

အမေရိကန်နိုင်ငံတက္ကသိုလ်များအသင်း (AAU) မှာ Harvard,MIT,Stanford ကဲ့သို့ ထိပ်တန်းတက္ကသိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း၊ University of Kansas ဟာ Association of American Universities (AAU) စာရင်းဝင် ပြည်သူပိုင်တက္ကသိုလ် ၃၄ ကျောင်းမှာ တစ်ကျောင်း အပါအဝင်ဖြစ်ပြီး Lawrence မြို့ Kansas ပြည်နယ်မှာ တည်ရှိတယ်လို့ သိရပါတယ်။ အင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်ကို အထူးစိတ်ဝင်စားပြီး တီထွင်ဖန်းတီမှု ပြုလုပ်လိုသူများတက်ရောက်ရန် သင့်လျော်တဲ့ ထိပ်တန်း သုတေသနတက္ကသိုလ် တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ Aerospace Engineering, Architectural Engineering, Chemical Engineering, Civil Engineering, Computer Engineering, Electrical Engineering, Engineering Physics, Information Technology Mechanical Engineering , Petroleum Engineering စတဲ့ အင်ဂျင်နီယာဘာသာရပ်တွေ အပြင် ဘာသာရပ်ပေါင်း ၁၉၀ ကျော်ကို ကုန်ကျစရိတ် သက်သာစွာနဲ့ တက်ရောက်သင်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှ အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူများ၊ IGCSE အောင်မြင်ထားသူများ နဲ့ အပြည်ပြည်ဆိုင်ရာ ၁၂ တန်း အောင်မြင်ပြီးသူတွေဟာ ကျောင်းဝင်ခွင့်၊ ကျောင်းလျှောက်ထားလိုသူတွေနဲ့ ပညာသင်ဆု လျှောက်ထားလိုသူတွေဟာ AT&S (နိုင်ငံတကာတက္ကသိုလ် ပညာရေးဝန်ဆောင်မှုကုမ္ပဏီ) အဆောင်(၅)၊ အခန်း(၄) ၊မြန်မာအင်ဖိုတက်(ခ်)၊ လှိုင်တက္ကသိုလ်နယ်မြေ။ ဖုန်း – ၀၁-၆၅၂၃၂၀၊ ၀၉-၇၉၉၅၉၅၉၄၉၊ ၀၉-၅၀၆၂၁၆၁၊ ၀၉-၇၇၇၂၂၃၂၂၅ ကို စုံစမ်းမေးမြန်းနိုင်ပါတယ်။

-သန္တာ