အမေရိကန်နိုင်ငံတက္ကသိုလ်များအကြောင်း အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်မည်

အမေရိကန်နိုင်ငံတက္ကသိုလ်များ အကြောင်းကို Online မှ လေ့လာနိုင်ရန်အတွက် Regent Virtual Seminar Series: USA Education Week မှာ အွန်လိုင်းပညာရေး ဆွေးနွေးပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

What are best college University for your future? ခေါင်းစဉ်နဲ့ Study Group Education မှ တာဝန်ခံ ကိုယ်တိုင် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၀ ရက် နေ့လယ် ၃ နာရီမှာ ကျင်းပသွားမှာပါ။

Virtual Seminar မှာ ပညာသင်ဆုများ လျှောက်ထားရရှိနိုင်မယ့် အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်တွေကတော့ Baylor University, DePaul University, James Madison University, Lipscomb University, Long Island University, Lynn University, Texas A&M University-Corpus Christi, University of Hertford, University of Vermont, Western Washington University တွေပဲဖြစ်ပါတယ်။

ဆွေးနွေးပွဲသို့ ၁၀ တန်း ဖြေဆို အောင်မြင်ထားသူတွေ၊ IGCSE ဖြေဆိုအောင်မြင်ထားသူတွေ ၊ American High School Diploma ဖြေဆိုအောင်မြင်ထားသူတွေ၊ A-Level အောင်မြင်ထားသူတွေ၊ IB Diploma အောင်မြင်ထားသူတွေ၊ တက္ကသိုလ်တက်ရောက်နေသူတွေ၊ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်သင့်တဲ့ ပညာရေးဆွေးနွေးပွဲများဖြစ်ပါတယ်။ ပွဲတက်ရောက်လိုသူတွေ အနေနဲ့ https://forms.gle/JakqTs2bsuExzZxh6 မှာ ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။ အသေးစိတ်ကို Regent Education ဖုန်း- ၀၉-၅၀-၁၉၈၇၀ ၊ ၀၉-၇၈၅၀-၁၉၈၇၀ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ