အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိရရှိနိုင်မည့် HUAWEI NEXT-IMAGE 2020 ပြိုင်ပွဲကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်

HUAWEI မှ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဓာတ်ပုံနဲ့ ဗီဒီယိုပြိုင်ပွဲတစ်ခု ဖြစ်တဲ့ NEXT-IMAGE အမည်နဲ့ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၀ ခုနှစ် အတွက်လည်း ကျင်းပပြုလုပ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပြိုင်ပွဲကို Huawei ဖုန်း အသုံးပြုသူများအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ပြီး HUAWEI NEXT-IMAGE 2020 မှာ အပျော်တမ်း စမတ်ဖုန်းဓာတ်ပုံဆရာတွေနဲ့ ၎င်းတို့ရဲ့ ပြောင်မြောက်တဲ့ပုံရိပ်တွေကိုမျှဝေမယ့် visual storyteller’s ဆုအတွက် ငွေသားဆုလက်ဆောင် ဒေါ်လာ ၁၀,၀၀၀ အထိ ရရှိနိုင်မှာဖြစ်တဲ့အပြင် အခြားဆုများ အပါအဝင် ဆုပေါင်း ၇၀ ကျော်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဓာတ်ပုံညာရှင်များမှ အကောင်းဆုံးပုံရိပ်တွေကိုရွေးချယ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲအမျိုးအစား ၆ မျိုးဖြစ်တဲ့ Near Far ( သင့်ရဲ့စမတ်ဖုန်းကင်မရာကိုအသုံးပြုပြီး မတူညီတဲ့ရှုထောင့်များမှ ပုန်းကွယ်နေသော အလှတရားများကို သင်အပြင်မှာဖြစ်ဖြစ်၊ အတွင်းမှာဖြစ်ဖြစ် ရိုက်ယူလိုက်ပါ)၊ Good Night ( ညအချိန်တွင်ဖြစ်ဖြစ်၊ အလင်းနည်းပါးသောနေရာတွင်ဖြစ်ဖြစ် ပတ်ဝန်းကျင်၏အခိုက် အတန့်လေးပေါ်မူတည်ပြီး ဖန်တီးပုံဖော်လိုက်ပါ)၊ Hello, Life! (ပုံတစ်ပုံကစကားလုံး ၁၀၀၀ နှင့်ညီမျှပါတယ်။ ထို့ကြောင့် သင်နေ့စဉ်ရရှိသော စိတ်ခံစားမှု သို့မဟုတ် သဘောကျနှစ်သက်သော အရာများကို မျှဝေပုံဖော်လိုက်ပါ)၊ Faces: Portrait (ဓာတ်ပုံပညာ၏စွမ်းအားဖြင့် သင်နှင့်အနီးစပ်ဆုံးမျက်နှာများကို ရိုက်ကူးပုံဖော်လိုက်ပါ)၊Live Moments ( ဇာတ်လမ်းအတို သို့မဟုတ် ၁၀ မိနစ်အထိရှိသော မိုဘိုင်းရုပ်ရှင်ကို ထုတ်လုပ်ရိုက်ကူးပါ။ သင့်ရဲ့ဖန်တီးနိုင်စွမ်းကိုဖော်ပြပြီး လှုပ်ရှားနေသောပုံရိပ်များမှ ဇာတ်လမ်းကောင်းလေးများကို ဝေမျှလိုက်ပါ)၊ Storyteller ( သင့်ရဲ့ကိုယ်ပိုင်ဇာတ်လမ်းကိုပြောပြရန်၊ စိတ်ခံစားမှုကိုဖော်ပြရန် ဓာတ်ပုံများကို အသုံးပြုပါ။ အဆိုပါ Photo Story တွင် ဓာတ်ပုံ ၃ပုံ မှ ၉ ပုံပါဝင်ရမည်) စတာတွေကို လေ့လာပြီး နှစ်သက်ရာ အမျိုးအစားကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

HUAWEI NEXT-IMAGE Awards 2020 တွင် အံ့အားသင့်ဖွယ်ကောင်းသော ဆုလက်ဆောင်များအပြင် HUAWEI ၏နောက်ဆုံးပေါ်ထုတ်ကုန်ဖြစ်တဲ့ HUAWEI P40 Pro ကိုပါ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက ပြိုင်ပွဲရဲ့ တရားဝင် ဝက်ဘ်ဆိုက် https://gallery.consumer.HUAWEI.com မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

-အောင်သူ