အမေရိကန်ထိပ်တန်းတက္ကသိုလ် ၁၀၀ သို့ တက်ရောက်နိုင်မည့် Transfer Program များအကြောင်း ဆွေးနွေးပွဲပြုလုပ်မည်

Kings Education ရဲ့ Liberal Arts ကောလိပ်များမှ အမေရိကန်ထိပ်တန်းတက္ကသိုလ်များသို့ တက်ရောက်နိုင်ဖို့ ကျောင်းဝင်ခွင့်ဆိုင်ရာ တစ်ဦးချင်းဆွေးနွေးပွဲကို အောက်တိုဘာ ၂၃ ရက်၊ နံနက် ၁၀ နာရီ မှ ၁၂ နာရီ အထိ AT&S (Overseas Education Services) ရုံးခန်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ Kings Education ရဲ့ Regional Manager ဖြစ်သူ Mr.Phuong Tran မှ International School တွေမှာ တက်ရောက်နေတဲ့ ကျောင်းသားများ၊ အခြေခံပညာအထက်တန်းနဲ့ IGCSE အောင်မြင်ပြီးတဲ့ ကျောင်းသားများ အတွက် အမေရိကန်ထိပ်တန်း (၁၀၀) စာရင်းဝင် တက္ကသိုလ်များနဲ့ IVY League တက္ကသိုလ်များသို့ ကျောင်းဝင်ခွင့်ရရှိနိုင်ရန် High School completion၊ Transfer Program၊ Engineering/Art and Design Pathway program များ အကြောင်းကို အသေးစိတ် ဆွေးနွေးရှင်းပြပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်ပညာရေးစနစ်အကြောင်း လေ့လာလိုသူများ၊ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များသို့ တက်ရောက်ရန် ရည်ရွယ်ထားတဲ့ကျောင်းသားများ လာရောက် လေ့လာနိုင်ပြီး ကျောင်းတက်ရောက်နေစဉ် အတွင်း အဆောင်နေထိုင်မှုနဲ့ ကျောင်းမှပေးအပ်မယ့် ဝန်ဆောင်မှုတွေနဲ့ ထောက်ပံ့မှုများ၊ ကျောင်းပြီးသည့်နောက် အလုပ်အကိုင် အခွင့်အလမ်းများ စတဲ့ အသေးစိတ် အကြောင်းအရာတွေအပြင် ကျောင်းသားဗီဇာ လျှောက်ထားရန်လိုအပ်တဲ့ အချက်အလက်များကိုပါ ကျောင်းတာဝန်ခံတို့နဲ့ တိုင်ပင် ဆွေးနွေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပွဲတက်ရောက်လိုသူတွေ အနေနဲ့ AT&S (နိုင်ငံတကာပညာရေး ဝန်ဆောင်မှုကုမ္မဏီ)၊ အဆောင်(၅)၊ အခန်း(၄)၊ မြန်မာ အင်ဖိုတက်(ခ်)၊ လှိုင်တက္ကသိုလ်နယ်မြေ ဖုန်း ၀၁-၆၅၂၃၂၀ ၊ ၀၉-၇၉၉ ၅၉ ၅၉ ၄၉ ၊သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။