အမေရိကန်ငွေတိုက်ဌာန၊ ကုန်သွယ်ရေးဌာနတွေကို ရုရှားဟက်ကာတွေ တိုက်ခိုက်

ရုရှားအစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ ဟက်ကာတွေက အမေရိကန်ငွေတိုက်ဌာနနဲ့ ကုန်သွယ်ရေးဌာန အပြင် အင်တာနက်နဲ့ တယ်လီဖုန်းဆက်သွယ်ရေးပေါ်လစီ သတ်မှတ်တဲ့ရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက် ထိုးဖောက်ခဲ့ပါတယ်။

Reuters ဖော်ပြချက်အရ ဌာနက Microsoft Office 365 “office software” အသုံးပြုမှုကို အားနည်းချက်ရယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုးဖောက်မှုကျွမ်းကျင်တဲ့ ဟက်ကာတွေက Microsoft ရဲ့ productivity suite စီမံတဲ့ authentication ထိန်းချုပ်မှုကို လှည့်စားနိုင်ခဲ့ပါတယ်။ အခု တိုက်ခိုက်မှုမှာ Washington Post သတင်းစာကလည်း တိုက်ခိုက်မှုမှာ ရုရှားဟက်ကာတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီဝန်ဆောင်မှုထဲမှာ Outlook လိုမျိုး အီးမေးလ် app နဲ့ Word တို့ပါဝင်လာပါတယ်။

ဟက်ကာတွေက လပေါင်းများစွာ အမျိုးသားဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်မှာ ဝန်ထမ်းအီးမေးလ်တွေကို စောင့်ကြည့်တာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

စိုးထက်

Ref: Mashable