အဖွဲ့လိုက်သီချင်းနားထောင်နိုင်မယ့် လုပ်ဆောင်ချက်ကို Spotify ထည့်သွင်း

Spotify ဟာ ပါတီတစ်ခုမှာ လူတိုင်းပါဝင်ပြီး သီချင်းနားထောင်နိုင်သလို လူစုလူဝေးရှောင်ရှားနေချိန်မှာ အဖွဲ့လိုက်သီချင်းနားထောင်နိုင်မယ့် လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပါတယ်။

Spotify အနေနဲ့ Group Session ဆိုတဲ့ အဖွဲ့လိုက် သီချင်းနားထောင်တဲ့ လုပ်ဆောင်ချက်ကို တိုးချဲ့လိုက်ပါတယ်။ အဝေးရောက်နေတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေ နားဆင်နိုင်ပါမယ်။

Group Session ကိုစတင်အသုံးပြုဖို့ ဘယ်ဘက်အောက်ခြေက Connect menu ကိုသွားရပါမယ်။ ပြီးတော့ “start a group session” ကိုနှိပ်ပါ။ သုံးစွဲသူက သူငယ်ချင်းတွေနဲ့ မိသားစုဝင်နဲ့ invite လင့်ခ်ကို ဝေမျှနိုင်သလို code ကိုလည်း scan လုပ်ပြီး ပူးပေါင်းနိုင်တယ်။ Group Session အဖွဲ့ဝင်တိုင်းက သီချင်းတွေကို pause လုပ်တာ၊ ကျော်တာနဲ့ ထပ်ထည့်တာတွေ လုပ်နိုင်ပါတယ်။

-စိုးထက်
Ref: CNET