အဖ်က္သမားေတြေၾကာင့္ ပ်က္စီးသြားတဲ့ group ေတြကုိ ျပန္လည္ထိန္းသိမ္းေပးမယ္လို႔ Facebook ဆို

[ Zawgyi ]

Facebook ဟာ အဖ်က္သမားေတြ ဝင္ေရာက္ေႏွာင့္ယွက္မႈေၾကာင့္ နည္းလမ္းမက်ဘဲ ပ်က္စီးသြားတဲ့ group အေရအတြက္ မ်ားစြာကုိ ျပန္လည္ထိန္းသိမ္းေပးမယ္လို႔ ကုမၸဏီက ေျပာခဲ့ပါတယ္။ Facebook ဟာ စည္းကမ္းခ်က္ကို ခ်ိဳးေဖာက္ခဲ့တဲ့ content ေတြကုိ ေျခရာခံမိၿပီးေနာက္ Facebook ကေန group ေတြကုိ ဖယ္ရွားခဲ့ပါတယ္။ စုံစမ္းစစ္ေဆးၿပီးေနာက္ အဖ်က္သမားေတြဟာ စည္းမ်ဥ္းခ်ိဳးေဖာက္မႈမရွိတဲ့ group ေတြမွာ အဖ်က္အေမွာင့္ post ေတြတင္ခဲ့တာကို ကုမၸဏီကေတြ႕ရွိထားပါတယ္။ ဒါေၾကာင့္ Facebook အေနနဲ႔ ထိခိုက္နစ္နာခဲ့တဲ့ group ေတြကုိ ထိန္းသိမ္းဖို႔နဲ႔ အခုျဖစ္ရပ္ကေန တားဆီးဖို႔ လုပ္ကိုင္ေနပါတယ္။

အခုအေျခအေနက ေမလ ၁၃ ရက္မွာ စတင္ျဖစ္ေပၚခဲ့ပါတယ္။ Facebook ေပၚကနာမည္ေက်ာ္ meme account တစ္ခုျဖစ္တဲ့ Crossovers Nobody Asked For (CNAF) မွာ အဖြဲ႕ဝင္ ၅၀၀,၀၀၀ ေက်ာ္ရွိၿပီး ႐ုတ္တရက္ ပိတ္သိမ္းခံလိုက္ရတာ ျဖစ္ပါတယ္။ အဖြဲ႕ႀကီးၾကပ္သူေတြက Crossovers Nobody Asked For ‘Season 2’ ဆိုတဲ့ အဖြဲ႕သစ္ကုိ တည္ေထာင္ခဲ့ေပမယ့္ ၁ ရက္အၾကာမွာ ပိတ္သိမ္းခံခဲ့ရပါတယ္။

CNAF ရဲ႕ page ျဖဳတ္ခ်ခံရမႈအေပၚ ေအာင္ပြဲခံေနတဲ့ Indonesia Reporting Commission (IReC) အဖြဲ႕ရဲ႕ screenshot ေတြကို CNAF အဖြဲ႕ဝင္ေတြ ရရွိခဲ့ပါတယ္။ CNAF အဖြဲ႕တိုက္ခိုက္ခံရမႈေနာက္ကြယ္မွာ IReC ပါဝင္ေနတာကို သံသယရွိလာပါတယ္။ Facebook ကေတာ့ အဲဒီတုိက္ခိုက္မႈေနာက္ကြယ္မွာ IReC ပါဝင္ေနတာကို အတည္မျပဳခဲ့ပါဘူး။

အဲဒီသတင္းဟာ ခ်က္ခ်င္းပ်ံ႕ႏွံ႔သြားၿပီး နာမည္ေက်ာ္ Facebook page ေျမာက္ျမားစြာက ပိတ္သိမ္းခံရမႈကို ကာကြယ္တဲ့အေနနဲ႔ “private” ကေန “secret” အျဖစ္ ေျပာင္းလဲခဲ့ပါတယ္။ သီးသန္႔ Facebook group ေတြကေတာ့ အဖြဲ႕ထဲဝင္ဖို႔ တစ္စုံတစ္ေယာက္ရဲ႕ request ကုိေထာက္ခံေပးမယ့္ moderator ေတြလိုအပ္ၿပီး secret group ေတြကေတာ့ ေျခရာမခံႏိုင္ပါဘူး။ Group moderator တစ္ဦးက သုံးစြဲသူတစ္ဦးကို အဖြဲ႕ထဲဝင္ဖို႔ ဖိတ္ႏိုင္ေပမယ့္ ေျခရာမခံႏိုင္ပါဘူး။

စိုးထက္
Ref: TheVerge

[ Unicode ]

Facebook ဟာ အဖျက်သမားတွေ ဝင်ရောက်နှောင့်ယှက်မှုကြောင့် နည်းလမ်းမကျဘဲ ပျက်စီးသွားတဲ့ group အရေအတွက် များစွာကို ပြန်လည်ထိန်းသိမ်းပေးမယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။ Facebook ဟာ စည်းကမ်းချက်ကို ချိုးဖောက်ခဲ့တဲ့ content တွေကို ခြေရာခံမိပြီးနောက် Facebook ကနေ group တွေကို ဖယ်ရှားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးပြီးနောက် အဖျက်သမားတွေဟာ စည်းမျဉ်းချိုးဖောက်မှုမရှိတဲ့ group တွေမှာ အဖျက်အမှောင့် post တွေတင်ခဲ့တာကို ကုမ္ပဏီကတွေ့ရှိထားပါတယ်။ ဒါကြောင့် Facebook အနေနဲ့ ထိခိုက်နစ်နာခဲ့တဲ့ group တွေကို ထိန်းသိမ်းဖို့နဲ့ အခုဖြစ်ရပ်ကနေ တားဆီးဖို့ လုပ်ကိုင်နေပါတယ်။

အခုအခြေအနေက မေလ ၁၃ ရက်မှာ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ Facebook ပေါ်ကနာမည်ကျော် meme account တစ်ခုဖြစ်တဲ့ Crossovers Nobody Asked For (CNAF) မှာ အဖွဲ့ဝင် ၅၀၀,၀၀၀ ကျော်ရှိပြီး ရုတ်တရက် ပိတ်သိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ အဖွဲ့ကြီးကြပ်သူတွေက Crossovers Nobody Asked For ‘Season 2’ ဆိုတဲ့ အဖွဲ့သစ်ကို တည်ထောင်ခဲ့ပေမယ့် ၁ ရက်အကြာမှာ ပိတ်သိမ်းခံခဲ့ရပါတယ်။

CNAF ရဲ့ page ဖြုတ်ချခံရမှုအပေါ် အောင်ပွဲခံနေတဲ့ Indonesia Reporting Commission (IReC) အဖွဲ့ရဲ့ screenshot တွေကို CNAF အဖွဲ့ဝင်တွေ ရရှိခဲ့ပါတယ်။ CNAF အဖွဲ့တိုက်ခိုက်ခံရမှုနောက်ကွယ်မှာ IReC ပါဝင်နေတာကို သံသယရှိလာပါတယ်။ Facebook ကတော့ အဲဒီတိုက်ခိုက်မှုနောက်ကွယ်မှာ IReC ပါဝင်နေတာကို အတည်မပြုခဲ့ပါဘူး။

အဲဒီသတင်းဟာ ချက်ချင်းပျံ့နှံ့သွားပြီး နာမည်ကျော် Facebook page မြောက်မြားစွာက ပိတ်သိမ်းခံရမှုကို ကာကွယ်တဲ့အနေနဲ့ “private” ကနေ “secret” အဖြစ် ပြောင်းလဲခဲ့ပါတယ်။ သီးသန့် Facebook group တွေကတော့ အဖွဲ့ထဲဝင်ဖို့ တစ်စုံတစ်ယောက်ရဲ့ request ကိုထောက်ခံပေးမယ့် moderator တွေလိုအပ်ပြီး secret group တွေကတော့ ခြေရာမခံနိုင်ပါဘူး။ Group moderator တစ်ဦးက သုံးစွဲသူတစ်ဦးကို အဖွဲ့ထဲဝင်ဖို့ ဖိတ်နိုင်ပေမယ့် ခြေရာမခံနိုင်ပါဘူး။

Ref: TheVerge