အပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ၂၀၁၉ ကျင်းပမည်

Global Education Expo 2019 အပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ၂၀၁၉ ကို စက်တင်ဘာ ၂၇ ရက် မှ ၂၉ ရက်အထိ ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ပြပွဲမှာ ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုတွေလျှောက်ထားနိုင်မယ့်အပြင် သက်ဆိုင်ရာ ကျောင်းတွေရဲ့ ပညာရပ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲတွေကိုလည်း တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းရှိ ဘာသာစကားသင်တန်းကျောင်း၊ ပုဂ္ဂလိကသင်တန်းကျောင်းပေါင်း ၂၀ က ပါဝင်ပြသသွားမှာဖြစ်ပါတယ်။

ပွဲကို အခမဲ့ တက်ရောက်နိုင်ပြီး မိုဘိုင်းဖုန်းတွေကိုလည်း နေ့စဉ် မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။

အသေးစိတ်ကို https://www.events-educationandcareer.com/ မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

-သန္တာ