အပါးလွှာဆုံး 5G ဖုန်းဖြစ်လာမယ့် Oppo ရဲ့ Reno3 Pro

Oppo ဟာ Reno3 Pro 5G စမတ်ဖုန်းသစ်ကို အမြည်းမိတ်ဆက်ခဲ့ပြီး အပါးလွှာဆုံး 5G စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ Reno3 Pro 5G အထူက lens အပါအဝင် ၇.၇ မီလီမီတာ ရှိပြီး ဈေးနှုန်းသင့်တင့်ကာ ပါးလွှာတဲ့ 5G စမတ်ဖုန်းဖြစ်လာမယ်လို့ Oppo ဒုဥက္ကဋ္ဌ ဘရိုင်ယန်ရှန်က ပြောခဲ့ပါတယ်။ ဖုန်းရဲ့ရှေ့ဘက်နဲ့ ကျောဘက်မှာ အကွေးဒီဇိုင်းမှန် ပါဝင်လာပြီး ထိပ်ဘက်နဲ့ ဘေးဘက်မှာ ဘေးဘောင် မပါဝင်ပါဘူး။

Oppo Reno3 Pro ဟာ ပါးလွှာတဲ့အတွက် pop-up ကင်မရာ ပါဝင်ဖွယ်မရှိပါဘူး။ ဒါ့အပြင် Samsung Galaxy S10 လိုမျိုး ရှေ့ဘက်မှာ hole-punch ကိုအသုံးပြုထားဖွယ်ရှိပါတယ်။ Oppo Reno3 Pro 5G ဒီဇိုင်းက ဆွဲဆောင်မှုရှိပြီး အိတ်ထဲ အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။ Oppo အနေနဲ့ Reno3 Pro 5G ကို အမေရိကန်ဆီ ဖြန့်ချိမှာ မဟုတ်သေးဘဲ ဥရောပထံ ဖြန့်ချိဖွယ်ရှိပါတယ်။

 

ဘာကြောင့်လဲဆိုတော့ Oppo ဟာ 5G ဆက်သွယ်ရေးစီးပွားဖက်အဖြစ် ဥရောပအခြေစိုက်ဆက်သွယ်ရေး ကုမ္ပဏီတွေဖြစ်တဲ့ EE, Swisscom နဲ့ပူးပေါင်းထားပါတယ်။ Oppo Reno3 Pro 5G ဈေးနှုန်းနဲ့ ဖြန့်ချိမယ့်ရက်ကိုတော့ မသိရသေးပါဘူး။

စိုးထက်
Ref: Engadget