အပင်အခြေခံနဲ့ အသားထုတ်လုပ်ခဲ့တဲ့ အစ္စရေး startup ကုမ္ပဏီ

အစ္စရေး startup ကုမ္ပဏီ The Mediterranean Food Lab ဟာ သဘာဝအပင်အခြေခံ အရသာကနေ အသားအစားထိုး ထုတ်လုပ်မှုအတွက် EIT Food Accelerator Network (FAN) ပရိုဂရမ်ကနေ ဆုကြေး ယူရို ၁၀၀,၀၀၀ ရရှိခဲ့ပါတယ်။

EIT FAN အစီအစဉ်ကို Faculty of Biotechnology နဲ့ Food in the Technion မှာ Strauss Group နဲ့ပူးပေါင်း ကျင်းပခဲ့ပါတယ်။ ဥရောပက အစားအသောက် နည်းဗျူဟာ အစီအစဉ် EIT Food ဟာ စားသောက်ကုန်လုပ်ငန်း ဖောင်ဒေးရှင်းကို ပြန်လည် ပုံသွင်းဖို့ ရှာဖွေနေပါတယ်။

ဆုရရှိတဲ့ The Mediterranean Food Lab ဟာ ပိုမိုတည်ငြိမ်တဲ့ သဘာဝအရသာကနေ အသားကို ထုတ်လုပ်ခဲ့ပါတယ်။ The Mediterranean Food Lab စီအီးအို ဘီဇက်ဂိုဘတ် ပြောကြားချက်အရ အသားမှာ အသုံးပြုတဲ့ အရသာကို အဆင့်မြှင့်တင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

-စိုးထက်
Ref: JPost

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««