အန္တရာယ်ရှိ malware ပါဝင်တဲ့ Android app များ

ပြီးခဲ့တဲ့လက Android သုံးစွဲသူတွေ အတွက် အန္တရာယ်ရှိ app ၁၆ ခု တွေ့ခဲ့ပါတယ်။ ဒီလမှာ Google Play Store မှာ adware တွေပါဝင်တဲ့ ဂိမ်း app ၂၁ ခု တွေ့ထားပါတယ်။

ZDNet ဖော်ပြချက်အရ အဲဒီ app တွေက အန္တရာယ်ရှိ ကြော်ငြာ malware ပါဝင်မှုကို Avast ကုမ္ပဏီက တွေ့ခဲ့တယ်။ အဲဒီ Trojan ကတော့ ဈေးကွက်ရှာဖွေဖို့ သုံးစွဲသူ အချက်အလက်စုဆောင်းပြီး ကြော်ငြာကို ကလစ်တစ်ခါ နှိပ်တိုင်း ငွေကြေးရရှိတဲ့ ကြော်ငြာတွေကို သုံးစွဲသူဆီ ပြပေးပြီး ဝင်ငွေ ယူလေ့ရှိပါတယ်။ အဲဒီကြော်ငြာတွေက တွေ့ဖို့ ခက်ခဲပါတယ်။ အန္တရာယ်ရှိ app တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Assassin Legend – 2020 NEW

  • Cream Trip – NEW
  • Crush Car
  • Desert Against
  • Find 5 Differences – 2020 NEW
  • Find Hidden
  • Find the Differences – Puzzle Game
  • Flying Skateboard
  • Helicopter Attack – NEW
  • Helicopter Shoot
  • Iron it
  • Jump Jump
  • Money Destroyer
  • Plant Monster
  • Props Rescue
  • Rolling Scroll
  • Rotate Shape
  • Rugby Pass
  • Shoot Them
  • Shooting Run
  • Sway Man

-စိုးထက်
Ref: PCMag

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««