အန္တရာယ်ရှိ Android app ၁၇ ခုကို ဖယ်ရှား

Google ဟာ PlayStore ကနေ Joker malware ကူးစက်ခံထားရတဲ့ app ၁၇ ခုကို ဖယ်ရှားလိုက်ပါတယ်။ အဲဒီ app တွေမှာ အန္တရာယ်ရှိ malware ကပ်ငြိနေတာကို Zscaler က လုံခြုံရေးသုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

“အဲဒီ spyware ကတော့ SMS message တွေနဲ့ contact စာရင်းနဲ့ ထုတ်ကုန်အချက်အလက်ကို ခိုးယူဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ လူတွေက premium wireless application protocol (WAP) ဝန်ဆောင်မှု အသုံးပြုတာနဲ့ သားကောင်ဖြစ်သွားပါတယ်” လို့ Zscaler လုံခြံရေးသုတေသီ ဗီရယ်ဂန္ဒီက ပြောခဲ့ပါတယ်။

ဒီလအတွင်း Play Store ပေါ်မှာ app ၁၇ ခုကို upload လုပ်ထားပြီး download ပြုလုပ်မှုအကြိမ်ရေ ၁၂၀,၀၀၀ ရှိပါတယ်။ ဖယ်ရှားခံရတဲ့ app စာရင်းကို အောက်မှာ ကြည့်နိုင်ပါတယ်။

All Good PDF Scanner
Mint Leaf Message-Your Private Message
Unique Keyboard – Fancy Fonts & Free Emoticons
Tangram App Lock
Direct Messenger
Private SMS
One Sentence Translator – Multifunctional Translator
Style Photo Collage
Meticulous Scanner
Desire Translate
Talent Photo Editor – Blur focus
Care Message
Part Message
Paper Doc Scanner
Blue Scanner
Hummingbird PDF Converter – Photo to PDF
All Good PDF Scanner

-စိုးထက်
Ref: ZDNet

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ  ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««