အနုပညာသင်တန်းကျောင်းများအတွက် လျှောက်လွှာများကို ဇွန်လနောက်ဆုံး ပတ် လျှောက်ထားရမည်

၂၀၂၀-၂၀၂၁ ပညာသင်နှစ် (ပထမနှစ်) အတွက် ရန်ကုန်မြို့နဲ့ မန္တလေးမြို့များရှိ အနုပညာအထက်တန်းကျောင်းတွေမှာ သင်တန်းသားတွေခေါ်ယူနေပါတယ်။

ပန်တျာသင်တန်းနဲ့ ပန်းချီပန်းပု သင်တန်းအတွက် ခေါ်ယူတာဖြစ်ပြီး ပန်တျာသင်တန်းအတွက် အနုပညာ (ဂီတ/သဘင်)သီးသန့်သင်တန်းအတွက် သတ္တမတန်း Grade 8 အောင်မြင်သူတွေ၊ ပန်တျာသင်တန်း စာပေနှင့် အနုပညာ (ဂီတ/သဘင်) တွဲဖက်သင်တန်းအတွက် အဋ္ဌမတန်း (Grade 9) အောင်မြင်သူတွေ၊ ပန်ချီပန်းပုသင်တန်းရဲ့ အနုပညာ (ပန်းချီ/ပန်းပု) သီးသန့်သင်တန်း နှင့် စာပေနှင့် အနုပညာ (ပန်းချီ/ပန်းပု) တွဲဖက်သင်တန်းအတွက် အဋ္ဌမတန်း (Grade 9) အောင်မြင်သူတွေ၊ ဂီတ သို့မဟုတ် သဘင် သို့မဟုတ် ပန်းချီ သို့မဟုတ် ပန်းပုအခြေခံပညာကို အသင့်အတင့် တတ်သူတွေဖြစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အသက် ၁၃ နှစ်မှ ၁၇ နှစ် အတွင်း ရှိသူတွေ တက်ရောက်နိုင်ပြီး စာပေ နှင့် အနုပညာ တွဲဖက်သင်တန်းသို့ လျှောက်ထားသူတွေဟာ အနုပညာ ဘာသာရပ်အပြင် အခြေခံပညာဒသမတန်း (Grad 10)၊ ဧကာဒသမတန်း (Grade 11) နဲ့ ဒွါဒသမတန်း (Grade 12) ကိုပူးတွဲသင်ကြားခွင့် ရရှိမှာဖြစ်ပါတယ်။

စာသင်ကြားနေစဥ် ကာလအတွင်း တစ်လလျှင် ၃၀,၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ကြေးရရှိမှာ ဖြစ်ပြီး ၃ နှစ် သင်တန်းပြီးဆုံးပါက အနုပညာသင်တန်းဆင်းလက်မှတ်နဲ့ အခြေခံပညာအထက်တန်းအဆင့် သင်ယူပြီးမြောက်ခြင်းလက်မှတ်တွေ ရရှိမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ လျှောက်လွှာတွေကို သက်ဆိုင်ရာ ကျောင်းသို့ ဇွန်လ နောက်ဆုံးပတ် နောက်ဆုံးထားကာ လျှောက်ထားရမှာ ဖြစ်ပြီး လူတွေ့စစ်ဆေးမှုကို ဇူလိုင်လ ပထမပတ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အသေးစိတ်ကို အနုပညာဦးစီးဌာနနဲ့ သက်ဆိုင်ရာ တိုင်းဒေကြီး/ပြည်နယ်အစိုးရအဖွဲ့ရုံးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးများနဲ့ ဖုန်း – ၀၆၇-၃၄၀၈၀၃၇၊ ၀၆၇ ၃၄၀၈၄၄၃၊ ၀၁-၅၅၅၆၄၂ နဲ့ ၀၂-၄၀၆၁၁၆၉ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ