အနုပညာကွန်ပျူတာဒီပလိုမာသင်တန်းအတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူ

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) နဲ့ MCC Group တို့ပူးပေါင်းဖွင့်လှစ်တဲ့ အနုပညာကွန်ပျူတာ ဒီပလိုမာသင်တန်း အမှတ်စဉ် ၂ ဒုတိယတန်းခွဲသစ်အတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူလျက်ရှိပါတယ်။

သင်တန်းမှာ သင်ကြားရမယ့် ဘာသာရပ်တွေက Computer Basic (Word, Excel, Powerpoint), Adobe Illustrator, Adobe Photoshop, Adobe Indesign, Adobe Premiere Pro, Adobe After Effects, C4D (3D Character and Animation Software), Camera (Photography Foundation Course, Digital Film Making), Painting ( Fundamental Arts, Figure Drawing, Element & Principal Design, Story Boarding Drawing, Cartoon Character), Audio ( Basic of Music Producaion Course (FL Studio)) တို့ဖြစ်ပါတယ်။

သင်တန်းပြီးဆုံးပါက Diploma in Computer Arts (Dip.CA) ကို ရရှိမှာဖြစ်ပြီး သင်တန်းကို တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးသူတွေ၊ ကိုးတန်း ဖြေဆိုအောင်မြင်ပြီးသူတွေ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ သင်တန်းကာလ ၁၀ လဖြစ်ပြီး လျှောက်လွှာတွေကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သရဖီဆောင်၊ တောင်ဒဂုံမြို့နယ်မှာ ရယူလျှောက်ထားနိုင်ပါတယ်။ လျှောက်လွှာတွေကို စက်တင်ဘာ ၂၀ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ အသေးစိတ်ကို ဖုန်း – ၀၉၈၉၉၀၀၁၀၀၇ နဲ့ ၀၉၉၆၄၀၄၁၉၄၁ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။