အနာဂတ် Samsung ဖုန်းတွေမှာလည်း အားသွင်းတုံးနဲ့ နားကြပ်မပါဝင်

Samsung ကထုတ်လုပ်မယ့် အနာဂတ်ဖုန်းတွေမှာလည်း အားသွင်းတုံးပါဝင်မှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Samsung ဟာ Galaxy S21 ဖုန်းတွေမှာ အားသွင်းတုံးနဲ့ နားကြပ်ပေါက် မပါဝင်တဲ့အကြောင်း အမေးအဖြေ ပြုလုပ်ခဲ့ပါတယ်။ Samsung အနေနဲ့ ဖုန်းတွေကို ကြာရှည်ခံနိုင်အောင် အထောက်အပံ့ပေးဖို့ ဆက်စပ်ပစ္စည်းတွေ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

Samsung ဟာ အနာဂတ်တွေမှာလည်း ဆက်စပ်ပစ္စည်းတွေ မထည့်တော့ဘူးလို့ သွယ်ဝိုက်ညွှန်းဆိုတာ ဖြစ်နိုင်ပါတယ်။ Samsung ရဲ့ ခေါက်စမတ်ဖုန်းကနေ ဘတ်ဂျက်ဖုန်းတွေမှာလည်း အားသွင်းတုံးပါဝင်ဖွယ် မရှိပါဘူး။

Samsung အနေနဲ့ ဈေးပေါတဲ့ ဖုန်းတွေမှာတော့ အားသွင်းတုံးကို အချိန်ကြာကြာ ဆက်လက်ထည့်သွင်းထားနိုင်ပါတယ်။ နောက်ပိုင်းမှတော့ အားသွင်းတုံးကို ဖယ်ရှားသွားဖွယ်ရှိပါတယ်။

Samsung ဟာ Apple လိုမျိုး ထုတ်ပြီးသားဖုန်းတွေထဲက အားသွင်းတုံးကို ဖယ်ရှားဖို့ အစီအစဉ် မရှိပါဘူး။ Note 20 Ultra နဲ့ Note 10 ထဲမှာ အားသွင်းတုံးတွေ ဆက်လက်ပါဝင်လာပါဦးမယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««