
Samsung ဟာ နှစ်သစ်မှာ တီဗီတွေ၊ အခြားမျက်နှာပြင်ကြီးတွေနဲ့ စတင်မိတ်ဆက်လေ့ ရှိပါတယ်။ အခုဆိုရင်လည်း Samsung ဟာ ဇန်နဝါရီ ၆ ရက် အရှေ့ပိုင်းအချိန် နံနက် ၁၁ နာရီမှာ First Look 2021 အမည်ရပွဲမှာ “အနာဂတ် display” ကိုမိတ်ဆက်မယ်လို့ ကတိပြုထားပါတယ်။
တိုက်ရိုက်ထုတ်လွှင့်မှုကို Samsung ဝက်ဘ်ဆိုက်မှာ ကြည့်နိုင်ပါတယ်။အသေးစိတ်အချက်အလက်တွေကတော့ မသိရသေးပေမယ့် မိတ်ဆက်ထားတဲ့ ဓာတ်ပုံအရ လုံးဝ ကွဲပြားခြားနားတဲ့ တီဗီကို မိတ်ဆက်ပေးနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ကွန်ပျူတာ မော်နီတာကိုလည်း မိတ်ဆက်နိုင်သလို ခေါက်ထားနိုင်ပြီး ပျော့ပျောင်းတဲ့ မျက်နှာပြင်တွေလည် ဖြစ်နိုင်ပါတယ်။
Samsung ဟာ MicroLED နဲ့ Mini-LED ကိုလည်း မိတ်ဆက်ပေးနိုင်ပါတယ်။ Samsung ဟာ ကုမ္ပဏီရဲ့ပထမဆုံး MicroLED တီဗီကို မိတ်ဆက်ခဲ့ပါတယ်။ မကြာခင်မှာ “Quantum Mini-LED” အသုံးပြုထားတဲ့ တီဗီကိုလည်း ဖြန့်ချိဖို့ မျှော်လင့်ထားပါတယ်။
-စိုးထက်
Ref: AndroidAuthority
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««