အနာဂတ် 5G ဖုန်းတွေမှာ မြင်တွေ့ရမယ့် Qualcomm X60

Qualcomm ဟာ ကြိုးမဲ့လှိုင်းအမျိုးမျိုးကို ထုတ်လွှင့်ပြီး လာမယ့်နှစ်အတွင်း အသစ်ထွက်ရှိမယ့် 5G ဖုန်းရဲ့ ပျှမ်းမျှမြန်နှုန်းကို မြှင့်တင်ဖို့ modem သစ်ကို မိတ်ဆက်လိုက်ပါတယ်။

Qualcomm ဟာ Snapdragon X60 5G modem ကိုထုတ်ဖော်ပြသလိုက်ပါတယ်။ X60 ကို 5 nanometer နည်းပညာနဲ့ ဖန်တီးထားပါတယ်။ ဒါကြောင့် စွမ်းအင်အသုံးပြုမှုနည်းပါးပြီး ထုတ်ကုန်တွေကို ပိုမိုမြန်ဆန်စေပါတယ်။ X60 မတိုင်မီက ထွက်ရှိခဲ့တဲ့ X55 လိုမျိုး 2G ကနေ 5G ကွန်ရက်တွေအထိ အသုံးပြုနိုင်ပါတယ်။

X60 ဟာ အလွန်အမင်း မြန်နှုန်းမမြင့်ပေမယ့် 5G ကွန်ရက်တွေမှာ အချက်အလက်တွေကို 7.5 Gbps အထိ download လုပ်ကာ အချက်အလက်တွေကို 3 Gbps အထိ upload လုပ်ပေးနိုင်ပါတယ်။

X60 ရဲ့ပျှမ်းမျှမြန်နှုန်းက ပိုမို မြန်ဆန်လာမယ်လို့ Qualcomm ကပြောထားပါတယ်။ X60 ရဲ့ ကွန်ရက် capacity နဲ့ လွှမ်းခြုံမှုကလည်း တိုးတက်လာပါမယ်။

Qualcomm ရဲ့ X60 modem ကြောင့် 5G ကွန်ရက်ဟာ လူတွေပိုမိုရင်းနှီးလာပြီး တည်ငြိမ်မှုရှိလာနိုင်ပါတယ်။ ဒါကြောင့် X60 အသုံးပြုထားတဲ့ ဖုန်းတွေက 5G ကွန်ရက်မှာ PUBG Mobile ဂိမ်းကို ၂ မိနစ်ခွဲအတွင်း download ပြုလုပ်လာနိုင်ပါမယ်။

စိုးထက်
Ref: CNET