အနာဂတ်လုပ်အားစုများ ၂၀၂၁ ခုနှစ် ဝိုင်ဆီးလီ အလုပ်ရုံဆွေးနွေးပွဲအတွက် လျှောက်လွှာခေါ်ယူ

အနာဂတ်လုပ်အားစုများ ၂၀၂၁ ခုနှစ်ဝိုင်ဆီးလီ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ဖေဖော်ဝါရံ ၁ ရက်အထိ လျှောက်လွှာတွေလက်ခံနေပြီဖြစ်ပါတယ်။

အဆိုပါ ၈ ရက်ကြာ အွန်လိုင်း အလုပ်ရုံဆွေးနွေးပွဲကို အာရှဖောင်ဒေးရှင်းကနေပြီး စင်ကာပူနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ပူးပေါင်းအကောင်အထည်ဖော်တာဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲမှာ လျင်မြန်စွာတိုးတက်ပြောင်းလဲနေတဲ့ နည်းပညာကြောင့် အာရှနဲ့ကမ္ဘာတစ်လွှားမှာ အလုပ်လုပ်ကိုင်ပုံတွေနဲ့ပတ်သက်တဲ့ အပြောင်းအလဲတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲအတွက် အနာဂတ်အလုပ်အကိုင်အကြောင်း၊ စတုတ္ထစက်မှုတော်လှန်ရေးကပေးအပ်မယ့် စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအကြောင်း စိတ်ဝင်စားပြီး တက်ကြွတဲ့ အာဆီယံဒေသတစ်လွှားက အသက် ၂၀ နဲ့ ၃၅ နှစ်ကြား ကျောင်းသူ၊ ကျောင်းသားတွေ၊ စွန့်ဦးတီထွင်သမားတွေနဲ့ ကျွမ်းကျင်ရာနယ်ပယ်အလိုက် ပညာရှင်တွေကို ရှာဖွေနေတာဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကနေပြီး ဒေသတွင်း အတော်ဆုံးလူတွေအနက်တစ်ချို့ဆီက လေ့လာသိရှိရမှာဖြစ်သလို၊ အာဆီယံဒေသတစ်လွှားက လူငယ်ခေါင်းဆောင်တွေနဲ့လည်း သိကျွမ်းရမှာဖြစ် ပြီး တိုးတက်လာနေတဲ့နည်းပညာနဲ့ အလုပ်အကိုင်တွေပြောင်းလဲလာမှုကို စင်ကာပူမှာ တစ်ခြားနိုင်ငံတွေက အမေရိကန်ကုမ္ပဏီတွေက ဘယ်လိုတုံ့ပြန်နေကြသလဲဆိုတာကိုလည်းလေ့လာရမှာဖြစ်ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲဟာ တနင်္လာကနေ သောကြာအတွင်း ညနေဘက်တွေမှာ အချိန်အကန့်အသတ်နဲ့ ထိတွေ့မှုတွေအပါအဝင် ရှစ်ရက်ကြာမှာဖြစ်ပါတယ်။ လျှောက်လွှာတွေကို ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၁ ရက်အတွင်း https://www.ysealifutureworkforce2021.org ကနေ လျှောက်ထားနိုင်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««