အနာဂတ်မှာ Instagram နဲ့သတင်းဖတ်ရှုမှု တိုးတက်လာနိုင်

Instagram ဟာ လာမယ့်နှစ်အတွင်း သတင်းစားသုံးမှု ရင်းမြစ်တစ်ခုအဖြစ် Twitter ကိုကျော်လွန်သွားမယ်လို့ ၂၀၂၀ Reuters Insitute Digital News အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Facebook ကပိုင်ဆိုင်တဲ့ app အသုံးပြုပြီး သတင်းဖတ်ရှုတဲ့ အသက်အရွယ်အစုလိုက်က ၂၀၁၈ နောက်ပိုင်း တိုးတက်လာပါတယ်။ မကြာသေးခင်ကလည်း Stories နဲ့ IGTB လိုမျိုး လုပ်ဆောင်ချက်တွေကို Instagram ကတိုးချဲ့ထားပါတယ်။ အခုစစ်တမ်းမှာ အပတ်စဉ် Instagram အသုံးပြုသူ သုံးပုံတစ်ပုံနဲ့ အသက် ၂၅ နှစ်အောက် သုံးပုံနှစ်ပုံအပေါ် စစ်တမ်းကောက်ယူထားတာ ဖြစ်ပါတယ်။

Instagram မှာ အချိန်အသုံးပြုမှု များလာတာနဲ့ app မှာ သတင်းကဏ္ဍက အရေးပါလာပါတယ်။ အသက်အရွယ်အစုလိုက်က လူ ၁၁ ရာခိုင်နှုန်းက သတင်းအတွက် Instagram ကိုအသုံးပြုခဲ့ကြပါတယ်။ လက်ရှိ ၁၂ ရာခိုင်နှုန်းကတော့ သတင်းဖတ်ရှုဖို့ Twitter ကို အသုံးပြုတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူပေါင်း သုံးပုံနှစ်ပုံကျော်က သတင်းဖတ်ရှုဖို့ ဖုန်းကို အသုံးပြုကြတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဖုန်းနဲ့ သတင်းတွေကို ဖတ်ရှုတဲ့အခါမှာ လူမှုကွန်ရက်တွေကို အသုံးချကြတယ်လို့ သိရပါတယ်။

စိုးထက်
Ref: CNET