
နေ့စဉ်နေ့တိုင်း သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားတွေနဲ့ ကျွန်တော်တို့ ပိုနီးလာသလိုပါပဲ။ ခေတ်ရှေ့ပြေး ထုတ်ကုန်တွေကလည်း သက်သေခံနေပါတယ်။ အခုဖော်ပြမယ့် ထုတ်ကုန်တွေက အလန်းစားဖြစ်ပြီး ဆန်းသစ်တီထွင်မှုလည်း ရှိပါတယ်။ ထုတ်ကုန်အများစုက တကယ်ဖြစ်ပြီး လာမယ့်လအနည်းငယ်အတွင်းမှာ ထွက်လာနိုင်ပါတယ်။
MANSORY BSTN GT XI Luxury Lawn Mower
တန်ဖိုးကြီး မြက်ရိတ်စက် ဖြစ်ပါတယ်။ အပျံစားမြက်ရိတ်စက်ကတော့ Air Jordan XI Jubilee ဖိနပ်နဲ့ ဆင်နေပါတယ်။ ဖိနပ်အရောင်အတိုင်း မြက်ရိတ်စက်ကို ခြယ်ထားပြီး Air Jordan အမှတ်တံဆိပ် ထုတ်ကုန်ပေါ်က အသေးစိတ်တွေလည်း ပါပါတယ်။
OPPO x nendo Conceptual Slide-Phone
အခြားခေတ်ရှေ့ပြေး ဒီဇိုင်းထုတ်ကုန်ကတော့ OPPO x nendo Conceptual Slide-Phone ဖြစ်ပါတယ်။ ဆန်းသစ်တီထွင်မှု မြင့်မားတဲ့ ဖုန်းမှာ မတူညီတဲ့ မျက်နှာပြင် ၃ ခုပါဝင်ပြီး ခေါက်ထားနိုင်ပါတယ်။ စမတ်ဖုန်းတစ်လုံးကို ခေါက်ထားလို့ ရပါတယ်။
SWNA Concept JAJU Air Purifier
လေထုကို သန့်စင်ပေးမယ့် SWNA Concept JAJU Air Purifier ဖြစ်ပါတယ်။ ဒီဇိုင်းက ရိုးရှင်းပြီး အခန်းတွင်းမှာ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
Dyson Concept Motorcycle
Dyson Concept Motorcycle ဒီဇိုင်းက အလွန်ထူးခြားပြီး စက်နှိုးလိုက်တာနဲ့ မီးလင်းလာမယ့် LCD မီးတွေ ပါဝင်လာပါတယ်။
Raymond Ng .Lantern Adaptable Throw Projector
အခုပရောဂျက်တာကတော့ တီဗီမလိုဘဲ စိတ်ကြိုက် တီဗီအစီအစဉ်နဲ့ ရုပ်ရှင်တွေ ကြည့်နိုင်ပါမယ်။
Talking Heads Speaker နဲ့ Headphones Mount
Talking Heads Speaker နဲ့ Headphones Mount ကတော့ နေရာသိပ်မယူပါဘူး။ ထုတ်ကုန်တစ်ခုတည်းနဲ့ စပီကာနဲ့ နားကြပ်အဖြစ် အသုံးပြုနိုင်ပါတယ်။ သဘောကတော့ ထုတ်ကုန်ကနေ နားကြပ်ကို စွပ်လိုက်ရင် စပီကာဖြစ်သွားပါမယ်။
OPPO AR Glasses 2021 Concept Eyewear
OPPO AR Glasses 2021 Concept Eyewear ကတော့ အလွန်ကောင်းတဲ့ ခေတ်ရှေ့ပြေးထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ မျက်မှန်ကို လက်ဟန်အမူအရာ၊ အသံနဲ့ အသုံးပြုနိုင်ပါတယ်။ မျက်မှန်မှာ 5G, flash အားသွင်းနစ်နဲ့ AR တို့လည်း ပါလာပါတယ်။
OPPO X 2021 Rollable Concept Smartphone
OPPO ရဲ့လိပ်ထားနိုင်တဲ့ Concept စမတ်ဖုန်းကတော့ tablet အဖြစ်လည်း အသွင်ပြောင်းနိုင်ပါတယ်။ နောက်ဆုံးပေါ် နည်းပညာနဲ့ ဖန်တီးထားတဲ့ ဖုန်းကတော့ မျက်နှာပြင် ၂ ခုအကြား အသုံးပြုနိုင်ပါတယ်။ ဗီဒီယိုကြည့်တဲ့အခါ app က မျက်နှာပြင်အရွယ်ကို ပြန်ချိန်ပေးပါတယ်။
Zoox Autonomous Personal Vehicle
Zoox အလိုအလျောက် ကားကတော့ တက္ကစီဖြစ်ပြီး အေးဆေးငြိမ်သက်စွာ လိုက်စီးနိုင်မှာပါ။ ကားပေါ်မှာ ကျယ်ပြန့်တဲ့ ထိုင်ခုံ ၂ ခု ပါဝင်လာပါတယ်။
Wristcam Wearable Wrist Camera Attachment
လက်မှာပတ်နိုင်တဲ့ ကင်မရာကတော့ Apple Watch မှာတပ်ဆင်ရတဲ့ တွဲဖက်ထုတ်ကုန်ဖြစ်ပါတယ်။ လိုအပ်တဲ့အချိန်မှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။
၁၁၀ လက်မ Samsung MicroLED TV
Samsung ရဲ့ ၁၁၀ လက်မ MicroLED တီဗီကတော့ 4K HDR ရုပ်ထွက်အရည်အသွေး ရှိပါတယ်။ ရုပ်ရှင်ရုံကလိုမျိုး Majestic Sound System ကိုအသုံးပြုထားပါတယ်။
LG Autonomous Robot
LG Autonomous Robot ကတော့ လူထိတွေ့မှု အများဆုံးနေရာတွေကို ကာကွယ်ဆေးဖျန်းပေးမယ့် စက်ရုပ် ဖြစ်ပါတယ်။ ကျောင်းတွေ၊ ဧည့်ခံကြိုဆိုရေးနေရာတွေ၊ စားသောက်ဆိုင်၊ လက်လီအရောင်းဆိုင်နဲ့ ကော်ပိုရိတ်တွေမှာ အသုံးပြုဖို့ ထုတ်ထားတာပါ။ မိနစ်အနည်းငယ်အတွင်း ကြီးမားတဲ့ နေရာတွေကို ချက်ချင်း သန့်ရှင်းပေးနိုင်ဖို့ ခရမ်းလွန်ရောင်ခြည်ကိုလည်း အသုံးပြုပါတယ်။
-စိုးထက်
Ref: TheGadgetFlow
»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««