အနာဂတ်ပညာရေးနှင့်ပတ်သက်ပြီး ဆွေးနွေးနိုင်မည့်GUSTO Tele-Consulting Week ပြုလုပ်မည်

Gusto University မှ Stay at home ကာလအတွင်း မိမိသားသမီးတွေရဲ့ နောင်ရေးပညာရေး ဆွေးနွေးတိုင်ပင်နိုင်ဖို့အတွက် GUSTO Tele-Consulting Week ကို ဧပြီ ၁ ရက် မှ ၇ ရက် အထိ ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

GUSTO UNIVERSITY ရဲ့ ပညာရေးအတိုင်ပင်ခံများမှ ရှေ့ဆက်နိုင်မယ့်ပညာရေးလမ်းကြောင်းတွေနဲ့ ဘယ်ကနေစတင်ရမလဲဆိုတာကို ဖုန်းဆက်ပေးပြီး အသေးစိတ် ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်။

Tele-Consulting မှာ ဆယ်တန်း / IGCSE ဖြေဆိုထားသူတွေနဲ့ မိဘများမှ Form ဖြည့်ပေးကာ ဖုန်းနံပါတ်ချန်ထားခဲ့ရုံဖြင့် ပညာရေးနဲ့ပက်သက်ပြီး မေးမြန်းလိုတဲ့အကြောင်းအရာများကို GUSTO UNIVERSITY ရဲ့ ပညာရေးအကြံပေးများကိုယ်တိုင် ဆက်သွယ် ဆွေးနွေးတိုင်ပင်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဆွေးနွေးလိုသူတွေဟာ ( https://bit.ly/3aBHRBW) ကို ဖြည့်စွက်ပေးရမှာ ဖြစ်ပြီး GUSTO University ရဲ့ Academic Consultants များက ဖုန်းဖြင့် ပြန်လည်ဆက်သွယ်ကာ GUSTO University မှာ လက်ရှိသင်ကြားပို့ချနေတဲ့ Computing (ကွန်ပျူတာနည်းပညာဘာသာရပ်များ) နဲ့International Business Studies (စီးပွားစီမံဘာသာရပ်) CSE ( ကွန်ပျူတာ အင်ဂျင်နီယာဘာသာရပ်) များအကြောင်းကို အသေးစိတ်ပြောပြသွားမယ့်အပြင် သိလိုသမျှကိုလည်း ပြည့်ပြည့်စုံစုံ ဆွေးနွေးပြောပြပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ်အချက်အလက်တွေကို Gusto University ရဲ့ ဖေ့ဘွတ်စာမျက်နှာ မှတစ်ဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်။