အဓိက App Logo ကို Facebook အပြောင်းအလဲပြုလုပ်

Facebook ဟာ Instagram, WhatsApp နဲ့ Oculus အပါအဝင် ပိုင်ဆိုင်ထားတဲ့ ထုတ်ကုန်တွေကို ကောင်းစွာ ပေါင်းစပ်နိုင်ဖို့ အဓိက Facebook app နဲ့ ဝက်ဘ်ဆိုက် logo သစ်ကို အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။

အခု အမှတ်တံဆိပ်သစ်ကို ရှင်းလင်းအောင် ပြုလုပ်ထားပြီး အထူးပြုလုပ်ထားတဲ့ ပုံနှိပ်လက်ရာနဲ့ အက္ခရာအကြီးတွေက ကုမ္ပဏီနဲ့ app အကြားက ခြားနားမှုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

Facebook လိုဂိုအသစ်က ထုတ်ကုန်အမျိုးမျိုးနဲ့ ပေါင်းစပ်ကာ အရောင်ပြောင်းလဲနိုင်ပြီး WhatsApp အတွက် အစိမ်းရောင် ဒါမှမဟုတ် Instagram အတွက် ခရမ်းနဲ့ လိမ္မော် ပြောင်းလဲနိုင်ပါတယ်။ Facebook ကပိုင်ဆိုင်တဲ့ အခြားလူမှုရေးမီဒီယာတွေနဲ့ messaging ဝန်ဆောင်မှုတွေကို သုံးစွဲသူတွေ သိသိသာသာ နားလည်သိရှိနိုင်ဖို့ အခုလိုဂိုသစ်ကို ဖန်တီးရတာ ဖြစ်ပါတယ်။ အောက်တိုဘာလအတွင်း Pew သုတေသနစင်တာက ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ WhtatsApp နဲ့ Instagram ကို Facebook ပိုင်ဆိုင်ကြောင်း သိတဲ့ အမေရိကန်နိုင်ငံသား ၂၉ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်နဲ့ အထွေထွေပြည်နယ်အစိုးရရှေ့နေတွေက ပြိုင်ဆိုင်မှုကို ထိန်းချုပ်ဖို့ Instagram နဲ့ WhtatsApp ကို Facebook ဝယ်ယူခဲ့သလား ဒါမှမဟုတ် အဲဒီ ဝယ်ယူမှုတွေက သုံးစွဲသူတွေအပေါ် ထိခိုက်သလားဆိုတာ ရှာဖွေနေရပါတယ်။ ဒါ့အပြင် Facebook ကနေ WhatsApp နဲ့ Instagram ကိုခွဲထုတ်ဖို့ နိုင်ငံရေးသမားတွေနဲ့ ကုမ္ပဏီတွဲဖက်တည်ထောင်သူ တစ်ဦးကလည်း တောင်းဆိုနေကြပါတယ်။ တစ်ချိန်တည်းမှာပဲ Facebook က app တွေကို ပြောင်းလဲစရာ မလိုဘဲ message တွေပေးပို့ဖို့ Facebook Messenger, Instagram direct message နဲ့ WhatsApp အသုံးပြုနိုင်မယ့် နည်းလမ်းကို ရှာဖွေနေပါတယ်။

စိုးထက်
Ref: CNET